ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၄/ ၂၀၂၄
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန လွှတ်တော်ရေးရာ ဒုတိယဝန်ကြီး မစ္စတာ KOMURA Masahiro နှင့် မြန်မာနိုင်ငံ တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့နံနက်ကတွေ့ဆုံခဲ့သည်။
ဂျပန်ငံနိုင်ငံခြားရေးဝန်ကြီးဌာန လွှတ်တော်ရေးရာ ဒုတိယဝန်ကြီး ကိုမု၇ သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏လက်ရှိအခြေအနေနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြောင်းဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကယနေ့တွင်သတင်းထုတ်ပြန်သည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံရှိ သက်ဆိုင်သူအသီးသီးနှင့် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့်လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းမစ္စတာ ကိုမု၇ က ပြောကြားခဲ့သည်။
တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မြန်မာအစိုး၇နှင့် ဂျပန်နိုင်ငံမှပေးအပ်သော မြန်မာနိုင်ငံအပေါ် တသမတ်တည်း ပံ့ပိုးကူညီမှုများနှင့်မြန်မာနိုင်ငံ အခြေအနေများကို ဖြေရှင်းရာတွင် ဂျပန်နိုင်ငံ၏အခန်းကဏ္ဍအတွက် ၎င်းတို့၏ မျှော်လင့်ချက်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအခြေအနေ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတွက် နှစ်ဖက် အနီးကပ်ဆက်သွယ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နှစ်ဖက် စလုံးမှ အတည်ပြု ပြောကြား ခဲ့သည်။
(ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်တွင် တိုင်းရင်းသား အဖွဲ့အစည်းများမှကိုယ်စားလှယ်များဟုဆိုထားသော်လည်း မည့်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တို့၏အမည်များကိုဖော်ပြထားခြင်းမရှိသလို တွေ့ဆုံသည့် နေရာကိုလည်း ဖော်ပြထားခြင်း မရှိပေ)