Preview

အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်ရန်နှင့် လွတ်လပ်စွာသွားလာခွင့် သဘောတူညီချက်ကို ရုပ်သိမ်းခဲ့မှုအပေါ် မီဇိုရမ်တွင် ကန့်ကွက်ဆန္ဒပြ

မေ ၁၇/ ၂၀၂၄ | ကြည့်ရှုသူ :965
ပြည်တွင်း သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ မေလ ၁၇/၂၀၂၄ 

အိန္ဒိယ-မြန်မာနယ်စပ်ကိုခြံစည်းရိုး ကာရံရန် နှင့် မြန်မာနိုင်ငံနှင့် လွတ်လပ်စွာသွားလာလှုပ်ရှားမှု သဘောတူညီချက်ကိုရုပ်သိမ်းခဲ့မှုတို့နှင့် ပတ်သက်ပြီးအိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်ကို ကန်ကွက်သည့်အနေဖြင့် လူထောင်ပေါင်းများစွာသည် မီဇိုရမ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Zore-Unification Organization (Zoro) မှကြီးမှူး၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မီဇိုရမ်ပြည်နယ်၊ Champhai ခရိုင်ရှိZokhawthar နှင့်Vaphai ကျေးရွာများတွင် လူထောင်ပေါင်းများစွာ စုဝေးပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ ယနေ့တွင် ပြုလုပ်ခဲ့ကြ ကြောင်း အိန္ဒိယတီဗီကသတင်းဖော်ပြသည်။

ဆန္ဒထုတ်ဖော်သူများသည် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးဂိတ်တွင် ပိုစတာများ ဝှေ့ယမ်းပြီးကြွေးကြော်သံများ ဟစ်ကြွေးကာ အိန္ဒိယအစိုးရ ၏ ဆုံးဖြတ်ချက်များကိုကန့်ကွက်ခဲ့ကြပြီး လွတ်လပ်သောလှုပ်ရှားမှု (FMR) နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းရန်တောင်းဆိုခဲ့သည်။

အဆိုပါလှုပ်ရှားမှုသည် ဇိုလူမျိုးစုများအကြား သမိုင်းဝင် ဆက်ဆံရေးကို မီးမောင်းထိုးပြလိုက်ပြီး အပြန်အလှန် ဆက်ဆံရေး ဆက်လက်ထားရှိရန် လိုအပ်ကြောင်း ဆန္ဒထုတ်ဖော် သူများက အလေးပေးပြောကြားခဲ့သည်။

မီဇိုရမ်ပြည်နယ်အစိုးရ၊အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျောင်းသားအဖွဲ့အစည်းများသည်အိန္ဒိယအစိုးရ ၏လုပ်ဆောင်ချက်များကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီးအဆိုပါ ဆောင်ရွက်မှုများသည် တိုင်းရင်းသားအသိုင်းအဝိုင်းများကြား ကာလကြာရှည်ဆက်နွှယ်မှုကို နှောင့်ယှက်ထိပါး စေသည်ဟု ပြစ်တင်ပြောဆိုခဲ့သည်။

မီဇိုရမ်ပြည်နယ်လွှတ်တော်သည် နယ်စပ်ခြံစည်းရိုးခတ်ခြင်းနှင့် လွတ်လပ်စွာသွားလာလှုပ်ရှားမှု (FMR) သဘောတူညီချက်ကို ရုတ်သိမ်းခဲ့မှုနှင့်ပတ်သက်ပြီးယခင်က ဆုံးဖြတ်ခဲ့မှုကြောင့် ဒေသတွင်း မကျေနပ်မှုများ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့သည်။ (ပုံစာ/တက်ကြွလှုပ်ရှားသူများသည်မီဇိုရမ်ပြည်နယ် Champhai ခရိုင်ရှိ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာဆန္ဒဖော်ထုတ်နေစဥ် ။ ဓါတ်ပုံ- PTI/FILE PHOTO)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.