Preview
Preview

အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်နိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၇၀၀၀၀ ကျော်ရှိပြီး ယခုနှစ်အတွင်း ဂျပန်နိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားများထဲတွင် အများဆုံးဖြစ်လာ

မေ ၁၇/ ၂၀၂၄ | ကြည့်ရှုသူ :1130
ပြည်တွင်း သတင်း

နွေနေ

နိရဉ္စရာ၊ မေ ၁၇/၂၀၂၄ 

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော နိုင်ငံခြားသားအလုပ်သမားများအနက် မြန်မာအလုပ်သမားများသည် ယခုနှစ်အတွင်း အလျှင်အမြန် တိုးပွားလာနေပြီး စုစုပေါင်း ၇၀၀၀၀ ကျော် ရှိနေပြီဟု စီအန်အေသတင်းဌာနက ဖော်ပြလိုက်သည်။ 

ဂျပန်နိုင်ငံသည် ပြည်ဝင်ခွင့် တင်းကျပ်သော နိုင်ငံတစ်ခုဖြစ်သော်လည်း သက်ကြီးရွယ်အိုလူဦးရေတဖြည်းဖြည်းများပြားလာသည့်အတွက် နိုင်ငံခြားသား အလုပ်သမားများ ဝင်ရောက် အလုပ်လုပ်ခွင့်ကို မဖြစ်မနေ ခွင့်ပြုလာခဲ့၇သည်။ 

ယခုနှစ်အတွင်း ဂျပန်နိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်သူ နိုင်ငံခြားသားဦးရေမှာ ၂သန်း ကျော်သွားပြီဟုသိ၇သည်။ 

အဆိုပါ နိုင်ငံခြားသား အလုပ်သမားများအနက် အလျင်အမြန်တိုးပွားလာသော နိုင်ငံခြားသား အလုပ်သမားများမှာ မြန်မာနိုင်ငံမှ ဝင်ရောက်လာသော မြန်မာလူငယ်များဟု သိ၇သည်။ 

မြန်မာလူငယ်အများအပြားသည် မြန်မာနိုင်ငံမှ မထွက်ခွါမီ ဂျပန်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်အောင်လေ့လာသင်ကြားခဲ့သဖြင့် အခြေခံအလုပ်အကိုင်များ အလွယ်တကူရရှိသလို ဘာသားစကားကျွမ်းကျင်မှုကြောင့် ငါးနှစ်အထိ ဂျပန်တွင် နေထိုင်လုပ်ကိုင်ရန် အခွင့်အရေး ၇ကြသည်။ 

တရုတ်၊ ဂျပန် နှင့် အိန္ဒိယတို့သည် နိုင်ငံခြားသားကြောက်ရောဂါ ရှိသည်ဟု မေလ ၁ ရက်နေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုခဲ့သည်။ 

သို့သော် ယခုအခါ ဂျပန်နိုင်ငံသည် နိုင်ငံခြားသားအလုပ်သမားများ ပိုမို ခေါ်ယူရေးမူဝါဒသစ်တစ်ရပ်ကိုချမှတ်ပြီး နိုင်ငံခြားသားအလုပ်သမားများကို ခေါ်ယူလျှက်ရှိသည်။ 

ဂျပန်နိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားဆိုင်ရာ မူဝါဒများ ပြောင်းလဲလာသည်နှင့်အမျှ ယခင်ကအလုပ်သင်အဖြစ်နှင့် ခေါ်ယူထားသူများကို ရာထူးအဆင့် တိုးမြှင့်နေရာပေးမှုနှင့်အတူ အလုပ်သမားအခွင့်အရေးတိုးပေးမှုများ ရှိလာသည်။ 

ဂျပန်နိုင်ငံတွင် နည်းပညာအလုပ်သင် နိုင်ငံခြားသားအလုပ်သမားအရေအတွက်မှာ ဒုတိယအများဆုံးရှိပြီး၎င်းတို့အပေါ် ဂျပန်ကုမ္ပဏီများက လုပ်အားခေါင်းပုံဖြတ်နေသည်ဟု ဝေဖန်မှုများလည်း ရှိသည်။ 

ဂျပန်၏ နိုင်ငံခြားသားအလုပ်သမားမူဝါဒ အပြောင်းအလဲနှင့်အတူ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်  မြန်မာနိုင်ငံမှ လူငယ် ထောင်ပေါင်းများစွာ ဂျပန်သို့ ရောက်ရှိလာခဲ့သည်။ 

မြန်မာနိင်ငံတွင် ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများကြောင့် ဂျပန်အစိုး၇သည် မြန်မာနိုင်ငံသားများအား ဗီဇာသက်တမ်းကုန်သော်လည်း နောက်ထပ် တစ်နှစ် နေထိုင်ခွင့် ပြုခဲ့သည်။ 

ယခုအခါ ဂျပန်နိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားများဖြစ်သော အင်ဒိုနီးရှား၊ နီပေါတို့ထက် မြန်မာနိုင်ငံကဝင်ရောက်လာသူများက အလျင်အမြန် တိုးပွားလာနေသည်ဟု သိ၇သည်။ ၂၀၂၃ ခုနှစ်အတွင်း ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၇၀၀၀၀ ကျော်ရှိပြီး ၄င်းတို့အနက် ၅၀% မှာ ယခုနှစ်အတွင်း တိုးပွားလာခြင်းဖြစ်သည်ဟု တရားဝင်စာရင်းများအရ သိ၇သည်။ 

မြန်မာနိုင်ငံမှ အလုပ်သမားများကို စုဆောင်းသင်တန်းပေးနေသာ ဂျပန်အမျိုးသမီး ယိုကို မာတာဂါကမြန်မာလူငယ်အများအပြား ဂျပန်စကားကို စိတ်အားထက်သန်စွာ လေ့လာသင်ကြားနေကြကြောင်း၊ ဂျပန်သို့သွားရောက်အလုပ်လုပ်လိုသဖြင့် သင်တန်းတက်နေသူအများအပြား ရှိကြောင်း ပြောကြားခဲ့သည်။ 

ပုံစာ- ဂျပန်သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်နေသော မြန်မာအမျိုးသမီးတစ်ဦး

ရန်ကုန်မြို့တွင် ဂျပန်သို့ ခေါ်ယူရန် အုပ်စုလိုက် အင်တာဗျူးတစ်ခုပြုလုပ်နေစဉ်

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.