ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၂၀/၂၀၂၄
မြန်မာစစ်အုပ်စု၏လူ့အခွင့်အရေး
မြန်မာစစ်အုပ်စုက နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှု ဥပဒေများကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုများ အကြိမ်ကြိမ်ကျူးလွန်နေဆဲ အခြေအနေတွင် ၊ နိုင်ငံတကာ လူ့အခွင့်အရေးတာဝန်များကို အိန္ဒိယနိုင်ငံက ဗြောင်ကျကျ လျစ်လျူရှု လျက်ရှိကြောင်း JFM က ပြစ်တင်ဝေဖန်လိုက်သည်။
အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စုက နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှု ဥပဒေများကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုများ အကြိမ်ကြိမ်ကျူးလွန်နေဆဲ အခြေအနေတွင် ၎င်းက မြန်မာစစ်အုပ်စုကို ကူညီပံ့ပိုးနေခြင်း ဖြစ်ကြောင်းကို ကောင်းစွာသိလျက်နှင့် စစ်အုပ်စုကို စစ်လက်နက်များ၊ စက်ပစ္စည်းကိရိယာများ၊ နည်းပညာများနှင့် လေ့ကျင့်သင်ကြားပေးမှုများကို ပေးအပ်ထောက်ပံ့ နေသည်ဟု Justice For Myanmar (JFM)က ယနေ့တွင်သတင်းထုတ်ပြန်သည်။
မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ၊ စက်ပစ္စည်းကိရိယာများနှင့် နည်းပညာများ ပေးအပ်ခြင်းဖြင့် အိန္ဒိယနိုင်ငံသည် စစ်အုပ်စု၏ ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများကို တိုက်ရိုက်ကူညီ ပံ့ပိုးနေခြင်း ဖြစ်ပြီး၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီလျက်ရှိသည်ဟုJFM ကဆိုသည်။
အိန္ဒိယ၏ ပြည်တွင်းဥပဒေများသည် မြန်မာနိုင်ငံအတွင်း ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုကြီး များတွင် အိန္ဒိယနိုင်ငံ၏ ကြံရာပါပတ်သက်မှုကို တားဆီးရန် လုံလောက်မှုမရှိပေ။
အိန္ဒိယပို့ကုန်များကို ၁၉၉၂ နိုင်ငံခြားကုန်သွယ်မှု (ဖွံ့ဖြိုးရေးနှင့် စည်းမျဉ်းစည်းကမ်းများ) အက်ဥပဒေနှင့် ဆက်စပ် စည်းမျဉ်းများ၊ နည်းဥပဒေများနှင့် အသိပေးထုတ်ပြန်ချက်များဖြင့် ကြီးကြပ်သည်။
အဆိုပါအက်ဥပ ဒေသည် အိန္ဒိယအစိုးရအား ကန့်သတ်ကုန်စည်များတင်ပို့ရေး
အိန္ဒိယနိုင်ငံအနေဖြင့် အီရတ်၊ ဆိုမားလီယာ၊ အီရန်၊ မြောက်ကိုရီးယားနှင့် ဗင်နီဇွဲလားနိုင်ငံများသို့ တင်ပို့မှုများအား တားမြစ်ချက်များ ထုတ်ပြန် ထားသော်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍မူ ထိုသို့ထုတ်ပြန်လုပ်ဆောင်ရန် ပျက်ကွက်နေဆဲဖြစ်သည်။
အိန္ဒိယကာကွယ်ရေး PSUs အသီးသီးမှ တင်ပို့သော စစ်လက်နက်နှင့် ခဲယမ်းများသည် အထူးဓာတု ပစ္စည်းများ၊ သက်ရှိများ၊ ပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများနှင့် နည်းပညာများ ဆိုသည့်(SCOMET) စာရင်းဇယားအောက်တွင် အကြုံးဝင်ပြီး၊ ယင်းစာရင်းသည် ပို့ကုန်ပါမစ်များ လိုအပ်သည့် ပစ္စည်းများကို သတ်မှတ်ဖော်ပြထားသည်။ လက်ရှိ ပြဌာန်းချက်များတွင် ပို့ကုန်ပါမစ်ထုတ်ပေးရန် ဆုံးဖြတ်ရာ၌ ထည့်သွင်းစဉ်းစားရမည့် အကြောင်းအရာအနေဖြင့် ပို့ဆောင်မည့်နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း တစုံတရာကို ထည့်သွင်းထားခြင်း မရှိပေ။
အိန္ဒိယအနေဖြင့် ၎င်းတို့ တင်ပို့သည့် လက်နက်များသည် မြန်မာလူထုအပေါ် သက်ရောက်မှုကို အသိအမှတ်ပြုပြီး၊ မြန်မာစစ်အုပ်စုထံ လက်နက်ရောင်းချမှုပိတ်ပင်ရေး ချက်ချင်းအရေးယူ ပြဌာန်းရန်နှင့် စစ်သင်တန်းနှင့် အခြားစစ်ဘက်ဆိုင်ရာ ပံ့ပိုးမှုအားလုံးကို ရပ်ဆိုင်းရန် Justice For Myanmar က တောင်းဆိုသည်။
ထို့အတူ အိန္ဒိယ ပုဂ္ဂလိကနှင့်အစိုးရကဏ္ဍ စစ်လက်နက်ကုမ္ပဏီများ အနေဖြင့် မြန်မာစစ်အုပ်စုနှင့် တိုက်ရိုက်သော်လည်းကောင်း၊ မြန်မာနိုင်ငံရှိ ရှေ့ထွက်ကုမ္ပဏီများမှ တဆင့်သော်လည်းကောင်း စီးပွားရေးလုပ်ဆောင်ခြင်းကို ချက်ချင်းရပ်တန့်ရန်နှင့် စစ်အုပ်စုထံ နောက်ထပ်စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ တင်ပို့ရန် သဘောတူညီထားမှုများအား ရပ်တန့်ထားရန်တို့ကိုလည်း တောင်းဆိုသည်။
အိန္ဒိယအစိုးရနှင့် ၎င်း၏စစ်လက်နက်လုပ်ငန်းများနှင့်
ထို့ပြင် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုကြီးများတွင် အိန္ဒိယ၏ ကြံရာပါပတ်သက်မှုကို အဆုံးသတ်စေရန် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုကို အသုံးပြုသင့်သည်။
စစ်အုပ်စုထံ စစ်လက်နက်နှင့် စက်ပစ္စည်းကိရိယာများ ပံ့ပိုးပေးနေသည့် အိန္ဒိယကုမ္ပဏီအများစုသည် အစိုးရပိုင် အများပြည်သူကဏ္ဍကုမ္ပဏီများ (PSUs) များဖြစ်နေသည့်အချက်က မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများတွင် အိန္ဒိယအစိုးရ၏ ကြံရာပါပတ်သက်မှုကို ပြသနေပါ သည်။
စီးပွားရေးနှင့် ဆက်စပ်လုပ်ငန်းများမှ ဖြစ်ပေါ်လာသော လူ့အခွင့်အရေးဆိုးကျိုးများကို ကာကွယ် ရေးနှင့် ဖြေရှင်းရေးအတွက် တစ်ကမ္ဘာလုံး တရားဝင်ကိုးကားရသည့် စီးပွားရေးနှင့်လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူများ
လမ်းညွှန်အခြခံမူများတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ တရားဝင်ရှင်းလင်းထားပြီး ဖြစ်သည့်အတိုင်း အဆိုပါလမ်းညွှန် အခြေခံမူများသည် အဖွဲ့အစည်းများက ရှယ်ယာရှင်အဖြစ် ပါဝင်ဆောင်ရွက်နေသည့် အခြေအနေအပါအဝင် ရင်းနှီးမြှုပ်နှံမှုပုံစံအားလုံ
ပေါင်းစပ်သုံးသပ်ရလျှင် အဆိုပါစံနှုန်းများသည် စစ်အုပ်စုထံ ထောက်ပံ့နေသည့် အိန္ဒိယကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံထားသူများအနေ
ယင်းတွင် ပို့ကုန်များကို ဆိုင်းငံ့ထားခြင်း၊ အရေးယူဆောင်ရွက်မှု မရှိမချင်း အဆိုပါကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများ နုတ်သိမ်းထားခြင်း၊ သို့မဟုတ် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ရုတ်သိမ်းခြင်း သို့မဟုတ် နုတ်ထွက်ခြင်းများ ပါဝင်သည်။ ရင်းနှီးမြှုပ်နှံသူအစိုးရများ
ကျွနု်ပ်တို့၏ ရှုမြင်မှုအရ ဖြစ်ပေါ်နေဆဲ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု
အိန္ဒိယနှင့် အခြားနိုင်ငံအစိုးရများထံမှ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းနှင့် လေယာဉ်ဆီ ပံ့ပိုးကူညီမှုများဖြင့် မြန်မာစစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် သုံးနှစ်ကျော်ကြာ အကြမ်းဖက်ခဲ့ပြီး ဖြစ်သည်။ စစ်အုပ်စုထံ အရင်းအမြစ်များ ရောက်ရှိမှုကို ဖြတ်တောက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီအတွက် မြန်မာပြည်သူများ၏ ရုန်းကန်လှုပ်ရှားမှုများကို ပံ့ပိုးကူညီရန် နိုင်ငံတကာ အရေးယူဆောင်ရွက်မှု တစ်ရပ် အရေးတကြီး လိုအပ်နေပြီဖြစ်သည် ဟု JFM ၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထာ
Source/Justice For Myanmar (JFM)