(လက်နက်များဖမ်းဆီးရရှိမှုများရှိနေ)
ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၂၂ ရက်/၂၀၂၄
မြန်မာနယ်စပ်မှတဆင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ စစ်ဘက်ဆိုင်ရာတွင်အသုံးပြုသည့် လက်နက်ကြီးများ အပါအဝင် စစ်လက်နက်များတရားမဝင်ဝင်ရောက်လာကာ အိုကီးယား (Ukhiya) နှင့် တက်ကနက်ရှိရိုဟင်ဂျာစခန်းများတွင် အခြေစိုက်ထားသည့် ခွဲထွက်ရေး အဖွဲ့များလက်ဝယ်သို့ ရှိရောက်ရှိနေကြောင်း ဒါကာထရီဗြူး ကဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်တရားဥပဒေစိုးမိုးရေးအဖွဲ့များ
အိုကီးယား Ukhiya ဒေသ၊ လယ်ပါဟာတွင် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့( မေလ ၁၅ ရက်) က မြန်မာလက်နက်ကိုင်အဖွဲ့ တစ်ခုဖြ
စီးနင်းတိုက်ခိုက်မှုအတွင်းARSA နှင့် ဘင်္ဂလားဒေ့ရှ် မှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့ (RAB) အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ARSAမှ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာတပ်မှူးဖြစ်သူ Master Salimullah အသက်(၃၈)နှစ်နှင့် ၎င်း၏တွဲဖက်ဖြစ်သူ Md Riaz အသက် (၂၇)နှစ်တို့ကို ဖမ်းဆီးနိုင်ခဲ့သည်။
သိမ်းဆည်းရမိသည့် ပစ္စည်းများမှာလက်ပစ်ဗုံးငါးလုံး၊ ရိုင်ဖယ်သေနတ်သုံးလက်၊ နိုင်ငံလုပ် လက်ပစ်ဗုံး ၁၀ လုံး၊နိုင်ငံခြား ခြောက်လုံးပြူး တစ် လက် ၊ အဲလ်ဂျီ တစ် လုံး၊ခဲယမ်းမီးကျောက်များနှင့် ကျည်ဆံအမြောက်အများ ပါဝင်ကြောင်း သိ၇သည်။
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့လက်နက်မှောင်ခိုတင်သွင်းရန် ပူးပေါင်းကြံစည်နေ သည့် လက်နက် ရောင်းဝယ်သူများ၏ သတင်းပေးချက်အပေါ်အခြေခံ၍ ရဲတပ်ဖွဲ့က ကြာသပတေးနေ့ (မေလ၁၆ ရက်) က အိုကီးယားမြို့နယ်၏ မာသာဘူနီရာ တွင် နာမည်ဆိုးဖြင့်ကျော်ကြားသောဓား
အဆိုပါစီးနင်းမှုအတွင်း မော့စ်တက်နှင့်အတူရာဗီအလမ်၊ ကက်စ်ဟမ်နှင့်မော့စ်တက် ၏ဇနီးဖြစ်သူ တို့ကို ဖမ်းဆီးရမိခဲ့ပြီး အဲလ်ဂျီ နှစ်လုံး၊ ကျည်ရ၇ တောင့်နှင့် ကျည်ဆန် ၂၄ တောင့်တို့ သိမ်းဆည်း ၇မိခဲ့သည်ဟု သတင်းတွင်ဖော်ပြသည်။
မော့စ်တက် ၏တွဲဖက်ဖြစ်သောဘီလယ်လ် သည် တက်ကနက်မှထွက်ပြေးစဉ်ဖမ်းဆီး၇မိခဲ့ပြီး ၄င်း၏ဖွင့်ဟချက်အရG3 ရိုင်ဖယ်တစ်လက်၊စက်သေနတ်တစ်လက် ၊ ကျည် ၁၅ တောင့် တို့ကို တက်နက်ကမ်းရိုးတန်းအနီးတွင်သိမ်းဆည်းရရှိခဲ့သည်။
ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံမှနေပြီးရိုဟင်ဂျာဒုက္ခသည်စခန်းတွင် အခြေစိုက်သည့် သူပုန်များ ထံ လက်နက်ကြီးများ မှောင်ခိုတင်သွင်းရာတွင်ပါဝင်ပတ်သက်နေသူများဖြစ်ကြောင်း
သိမ်းဆည်းရမိသည့် လက်နက်များတွင်ဂျာမန်လုပ် G3 ရိုင်ဖယ်များနှင့်ဒုံးကျည် ပစ်ခတ်နိုင်သည့်လက်နက်များကဲ့သို့
ရိုဟင်ဂျာဒုက္ခသည်စခန်းများရှိ ခွဲထွက်ရေးအုပ်စုများ၏ လက်ဝယ်တွ
"ဖမ်းဆီးခံထားရသည့်တရားခံများ
“ရိုဟင်ဂျာစခန်းတွေမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး အဖွဲ့ တွေ အမြောက်အမြားရှိပါ တယ်။ အခြေခံအားဖြင့်တော့ စခန်းတွေမှာ လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့အတွက် မြန်မာဖက်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆီ တရားမဝင် လက်နက်တွေသယ်ယူလာကြတာပါ။ အကျိုးဆက်အနေနဲ့ က တော့ ဒီမှာ လူသတ်မှု တချို့ဖြစ်ပွားလျက်ရှိနေပါတယ်” Mahfuzulကပြော ဆိုသည်။
အဆိုပါလုပ်ရပ်များကို တားဆီးရန်အတွက် ဘင်္ဂလားဒေ့ရှ် တရားဥပဒေစိုးမိုးရေးအေဂျင်စီမျာ
(Source/DhakaTribune သတင်းကို မူရင်းသတင်းပါ အသုံးအနှုန်းအတိုင်း ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။)