ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၂၃
ချင်းပြည်နယ်တွင်လေကြောင်းတိုက်ခိုက်မှုနှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မေလအတွင်း အနည်းဆုံး လူပေါင်း ၂၀၀၀ ကျော် ခန့် သည် မီဇိုရမ်ပြည်နယ်သို့ထွက်ပြေး တိမ်းရှောင်လာခဲ့ကြောင်းယနေ့ထုတ် မီဇိုရမ်ပို့စ်သတင်းစာတွင်ဖော်ပြထားသည်။
မီဇိုရမ်ပို့စ်၏အဆိုအ၇ ယခုထွက်ပြေးလာကြသည့် ဒုက္ခသည် အသစ်များ သည် စစ်အာဏာရှင်တို့၏လေကြောင်းတိုက်ခိုက်မှုကို ကြောက်ရွံ့ခြင်းကြောင့် အိန္ဒိယနိုင်ငံ၊အရှေ့မြောက်ပိုင်းမီဇိုရမ်ပြည်နယ်Champai ခရိုင်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်။
လက်ရှိဖြစ်ပွားနေသည့်ပဋိပက္ခများကြောင့် မီဇိုရမ်ပြည်နယ်သို့ မေလ ၂၁ ရက်နေ့တွင် ၁၀၀၀ကျော်ခန့် ဝင်ရောက်လာပြီး မေလ ၅ ရက်နေ့မှ ယနေ့အထိ မြန်မာဒုက္ခသည် ၂၀၀၀ ကျော် ဝင်ရောက် လာခဲ့ကြောင်း၊ ပြည်နယ်အစိုးရတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍အဆိုပါသတင်းက ဖော်ပြထားသည်။
“အသစ်ဝင်ရောက်လာတဲ့ဒုက္ခသည်တွေအပါအဝင် မြန်မာဒုက္ခသည် ၃၆,၅၀၀ကျော်ဟာ အခု ပြည်နယ်ရဲ့ ၁၁ ခရိုင်လုံးမှာခိုလှုံနေကြ၇ပါတယ်"ဟု ပြည်နယ်အစိုး၇ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“သူတို့ထဲက အများစုဟာဆွေမျိုးတွေ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ပူးပေါင်းပြီးအိမ်ငှား နေကြပါတယ်။ အများစုကတော့ ခရိုင်ခုနစ်ခုက ကယ်ဆယ်ရေးစခန်း ၁၄၉ ခုမှာ နေထိုင်နေကြပါတယ်" ဟု ၄င်းကဆက်လက်ပြောဆိုသည်။
မြန်မာဒုက္ခသည်များသည်မီဇို နှင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးရှိ ကြသည်။ မီဇိုရမ်ပြည်နယ်သည်မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၅၁၀ နယ်နိမိတ်ထိစပ်လျက်ရှိပြီးChampai၊Saiha, Lawngtlai, Hnahthial, Serchhip နှင့် Saitualခရိုင်ခြောက်ခုတို့သည် မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်း ထိစပ်နေသည်။
မြန်မာနိုင်ငံရှိတော်လှန်ရေး တပ်ဖွဲ့များသည် အိန္ဒိယနယ်စပ်အနီးရှိ မြန်မာစစ်တပ်နှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေပြီး နယ်စပ်အနီးရှိ မြို့နှစ်မြို့ကို မေလ ၁၉ ရက်ကတည်းက သိမ်းပိုက်ထားသည်ဟုမီဇိုရမ်ပို့စ် ကဖော်ပြထားသည်။Source/ယနေ့ထုတ်မီဇိုရမ်ပို့စ် သတင်းစာ