တနင်္လာ၊ ဇွန်လ ၁၇ရက်၊ ၂၀၂၄

ရခိုင်ပြည်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားခြင်းကျယ်ပြန့်လာကာ လူဦးရေ ၁ ဒသမ ၆ သန်းခန့် ကျန်းမာရေး စောင့်ရှောက်ခွင့်မရဖြစ်နေကြောင်း OCHA Myanmar ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 541

လူထက်နိုင် (ဒွါရာမြီ) နိရဉ္စရာ၊ မေ ၂၄ ရက်/၂၀၂၄

ရခိုင်ပြည်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားခြင်းကျယ်ပြန့်လာကာ လူဦးရေ ဒသမ သန်းခန့် ဆေးရုံ ကျန်းမာရေးစောင့်ရှောက်ခွင့်မရဖြစ်နေကြောင်း မေလ ၂၄ရက်တွင်United Nations OCHA Myanmar မှထုတ်ပြန်သည်။

ရာသီအပူဆုံးကာလဖြစ်တဲ့အလျောက် သောက်သုံးရေရှားပါးတာနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားတာတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပြီး၊ ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့မြောက်ပိုင်း ဒေသတွေမှာ လူဦးရေ ဒသမ သန်းလောက်ဟာ ဆေးရုံကျန်းမာရေးစောင့် ရှောက်ခွင့်မရတဲ့ အခြေအနေဖြစ်နေပါတယ် ဟုထုတ်ပြန်ချက် တွင်ပါရှိပါသည်။

ထိုအပြင် ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုဆိုင်ရာအခြေအနေသည် ပြင်းထန်နေဆဲ တိုက်ပွဲများနှင့် တအုံနွေးနွေးဖြစ်လာနေသော  လူမျိုးရေးတင်းမာမှုများနှင့်အတူ အထူးစိုးရိမ် ဖွယ်ရာဖြစ် နေကြောင်းနှင့် လိုအပ်ချက်များမြင့်မားနေသော်လည်း သွားလာခွင့်ကန့် သတ်ချက်များရှိနေကြောင်း United Nations OCHA Myanmar၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့လူသားချင်းစာနာမှု ဆိုင်ရာအကျပ်အတည်းဟာ အရပ်သားပြည်သူတွေအပေါ် ကြီးမားတဲ့ အန္တရာယ်ဖြစ်စေတဲ့ ပြင်းထန်တဲ့ပဋိပက္ခနဲ့အတူ ပြန်လည်ပေါ်ပေါက်လာတဲ့ စိုးရိမ်ဖွယ်ရာ လူမျိုးရေး တင်းမာမှုနဲ့ စံချိန်တင်မြင့်တက်လာတဲ့ ပြည်တွင်းနေရပ်စွန့်ခွာမှု အခြေအနေတွေကြောင့် အန္တရာယ်ကြီးတဲ့ ကဏ္ဍသစ်တစ်ခုကို ရောက်ရှိနေပါတယ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်ပြည်နယ်တွင် နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် ပြင်းထန်သည့်မြဝတီမြို့ သိမ်းတိုက်ပွဲကြောင့် ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော်နေရပ်စွန့်ခွာထွက်ပြေးရခြင်းများ ဖြစ်ပွားခဲ့ပြီး မြဝတီမြို့နှင့် အနီးအနားကျေးရွာများမှ လူဦးရေ ,၀၀၀ ခန့်သည် မြန်မာ-ထိုင်းနယ်စပ်တွင် အိမ်မပြန်နိုင်ကာ နေရပ်စွန့်ခွာနေကြရဆဲဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အပြောင်းအလဲမြန်တဲ့ မုတ်သုံရာသီဝင်လာတာနဲ့အတူ မိုးသက်လေပြင်းတွေကြောင့် ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေက မြို့နယ်တစ်ချို့မှာ လွန်ခဲ့တဲ့လပိုင်းတွေအတွင်း လူနေအိမ်တွေနဲ့ အခြားအဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ အခက်အခဲတွေမျိုးစုံနဲ့ ရန်ပုံငွေရရှိမှုနည်းပါးနေတဲ့ကြားကပဲ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းတွေဟာ လိုအပ်နေသူတွေထံ အကူအညီတွေဆက်လက်ပေးလျက်ရှိရာမှာ ၂၀၂၄ ခုနှစ်ရဲ့ ပထမသုံးလပတ်အတွင်း လူဦးရေ တစ်သန်းနီးပါးထံ အကူအညီတွေပေးနိုင်ခဲ့ပါတယ်ဟု ထုတ်ပြန်ချက် တွင်ဖော် ပြထားသည်။

၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်သည် စိုးရိမ်စရာ ကောင်းလောက်အောင် ရန်ပုံငွေရရှိမှုနည်းပါးနေပြီး၊ ရန်ပုံငွေရရှိမှုအခြေ အနေပြမှတ်တမ်း အရ လိုအပ်ချက်၏ ၁၀ ရာနိုင်နှုန်းသာ ရရှိပါသေးကြောင်းသိရသည်။

လိုအပ်ချက်များ ကြီးမားနေသည့်ကြားက အိုးအိမ်စွန့်ခွာထွက်ပြေးရသူမျာ များပြားလာပြီး ကုန်ဈေးနှုန်း ကြီးမြင့်လာ သောကြောင့် ကဏ္ဍအလိုက် တုံ့ပြန်ကူညီပေးနေသည့် အစုအဖွဲ့များကြားတွင် အလွန်အမင်းရန်ပုံငွေမလုံလောက်သည့် အခြေအနေကို ပိုပြီးဆိုးရွားစေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ