ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၃ / ၂၀၂၄
LinkedIn အနေဖြင့်မြန်မာစစ်တပ်၏စီးပွားရေးလုပ်ငန်
အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ခံထားရသောမြန်မာစစ်တပ်လုပ်ငန်းစု မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏လက်အောက်ခံ Myanmar Brewery ကုမ္ပဏီသည် ဈေးကွက်ရှာဖွေရေးနှင့်လူသစ် စုဆောင်းရေး အတွက် LinkedIn ကို အသုံးပြုနေကြောင်း Justice for Myanmar (JFM) က ဇွန်လ(၃)ရက်တွင် တောင်းဆိုလိုက်သည်။
LinkedIn သည်Myanmar Brewery ကုမ္ပဏီကိုသာမက မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်း အားလုံးကို ၎င်း၏ပလက်ဖောင်းမှပိတ်ပင်တားမြစ်ရန် JFM က တောင်းဆိုလိုက်ခြင်းဖြစ်သည်။
LinkedIn သည်ဝက်ဘ်ဆိုက်များနှင့် မိုဘိုင်းအက်ပ်များမှတစ်ဆင့် ဈေးကွက် နှင့် အလုပ်အကိုင် ရှာဖွေရေး အတွက်ကိုသာအာရုံစိုက်သော လူမှုမီဒီယာပလပ်ဖောင်းတစ်ခုဖြစ်
ယခုချိန်တွင်LinkedInအသုံးပြုသူပေါင်း သည်နိုင်ငံနှင့် ဒေသ ပေါင်း (၂၀၀)တွင်တစ်ဘီလီယံကျော်( အာရှ-ပစိဖိတ် တွင် ၂ရရ သန်း၊ဥရောပ တွင် ၂၅ရသန်း၊မြောက်အမေရိက တွင် ၂၃၃ သန်း၊ လက်တင် အမေရိက တွင် ၁၅၆သန်းအရှေ့အလယ်ပိုင်းနှင့် အာဖရိကတွင် သန်း ၆၀) ထိရှိကြောင်း LinkedIn၏ ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်ကိုတွေ့၇သည်။
ယခုအခါမြန်မာစစ်တပ်လုပ်ငန်းစု မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ လက်အောက်ခံ Myanmar Brewery ကုမ္ပဏီ သည်ဈေးကွက်ရှာဖွေရေးနှင့် လူသစ် စုဆောင်းရေး အတွက် LinkedIn ကို အသုံးပြုနေသည်ကိုJusticefor Myanmar (JFM)ကဖော်ထုတ်ခဲ့သည်။