ဗုဒ္ဓဟူး၊ ဇွန်လ ၂၆ရက်၊ ၂၀၂၄

စစ်ကောင်စီ စစ်မှုထမ်းဥပဒေသစ်ထုတ်ပြန်ပြီးနောက် တောင်ပိုင်းတိုင်းသို့ ရောက်ရှိလာသော လူငယ် ၁၀၀၀ နီးပါးခန့် PDF ရဲဘော်အဖြစ် စစ်သင်တန်းဆင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၆ ရက်/၂၀၂၄

စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်မှုထမ်းစေရေး ဥပဒေသစ်ထုတ်ပြန်ပြီး (၂) လအတွင်း နီးစပ်ရာ တောင်ပိုင်း စစ်ဒေသ လွတ်မြောက်နယ်မြေများထဲသို့ ရောက်ရှိလာခဲ့ကြသည့် PDF ရဲဘော် ၉၅၉  စစ်သင်တန်းဆင်း ခဲ့ကြပြီဖြစ်ကြောင်း  PDF (တောင်ပိုင်းစစ်ဒေသ) မှ ဇွန်လ ၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မစစ်မှုထမ်းစေရေး ဥပ​ဒေသစ်ထုတ်ပြန်၍ ပြည်သူအချင်းချင်း တိုက်ခိုက်ရန် မတရားစေခိုင်းခြင်းကြောင့် လူငယ်အများစုသည် နီးစပ်ရာ လွတ်မြောက် နယ်မြေများထဲသို့ သွားရောက်ခိုလှုံကာ လက်နက်ကိုင်လမ်းစဉ်အား ရွေးချယ်ခဲ့ကြသူများ ရှိလာခဲ့သည်ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။'


ထိုအထဲတွင် ပြည်သူလူထုအားရှေး‌ရှု၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်း လာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းတည်ထောင်ထားသော၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသသို့ ဝင်ရောက်ခိုလှုံ၍ အကြမ်းဖက် စစ်ကောင်စီအား ပြန်လည်ခုခံတွန်းလှန်ရန် ရောက်လာကြသူများလည်း ရှိခဲ့သည်။

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၃ အနေဖြင့် ဝင်ရောက်ခိုလှုံလာသူများအား စိစစ်လက်ခံပြီး အခြေခံစစ်ပညာသင်တန်းများနှင့် သက်ဆိုင်ရာဌာနအလိုက် ကျွမ်းကျင်မှုသင်တန်းများ ပို့ချပေးခဲ့ရာ ပြီးခဲ့သည့်ဧပြီလနှင့် မေလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားဦးရေ (၉၅၉)ဦး မွေးထုတ်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် မူလချမှတ်ထားသည့်လမ်းစဉ်အတိုင်း ပြည်သူလူထု လိုလားသည့် ပြည့်သူ့အာဏာပြည်သူ့လက်ထဲ ပြန်ရောက်သည်အထိ စွမ်းစွမ်းတမံ ကာကွယ် စောင့်ရှောက်သွားမည်ဟု ထပ်လောင်း ကတိသစ္စာပြုပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဓာတ်ပုံ- တောင်ပိုင်းစစ်ဒေသ မေလအတွင်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနားများ



ဆက်စပ် သတင်းများ