စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

အိန္ဒိယ-မြန်မာနယ်စပ်တွင် NSCN(K) အဖွဲ့ဝင် သုံးဦးကို အိန္ဒိယဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 433

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၉/၂၀၂၄

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းပြည်နယ်တွင် NSCN(K) အဖွဲ့ဝင် သုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း India TodayNE ကသတင်းဖော်ပြသည်။

အိန္ဒိယ-မြန်မာနယ်စပ်အနီး၊နာဂလန်းပြည်နယ်၊ နော့လက် မြို့၌ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ ( NSCN(K) ) မှအဖွဲ့ဝင် သုံးဦးကို အာသံရိုင်ဖယ်တပ်နှင့် နာဂလန်းပြည်နယ်ရဲတပ်ဖွဲ့တို့က ဇွန်လ ၅ ရက်က ဖမ်းဆီးရမိခဲ့သည်။

NSCN(K) အဖွဲ့ဝင် သုံးဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး အာသံရိုင်ဖယ်တပ်က နာဂလန်းပြည်နယ် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

၎င်းတို့၏ လက်ဝယ်တွင် ပစ္စတိုသေနတ် ၂၂ လက်၊ ပစ္စတိုသုံးရိုင်ဖယ် ၂ လက်၊ ဝ.၂၂ ပစ္စတို ကျည်လေးတောင့်၊ ကျည်ဆန် ၁၅ တောင့်နှင့် ငွေသား ရူပီး ၉၈၅၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။

အိန္ဒိယ-မြန်မာနယ်စပ်အနီးအဆိုပါလက်နက်များကိုဖမ်းဆီးရမိခြင်းသည် နယ်ခြားစောင့် တပ်ရင်း အတွက် သိသာထင်ရှားသည့် အောင်မြင်မှုတစ်ခုဖြစ်သည်ဟု India TodayNE ကသတင်းဖော်ပြသည်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)ကို ၁၉၈၀ ခုနှစ်က စတင် ထူထောင်ခဲ့ပြီး အိန္ဒိယ ဗဟိုအစိုးရ တော်လှန်နေသည့် အဖွဲ့အစည်း ဖြစ်သည်။ ၁၉၈၉ တွင် နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်(NSCN-K)နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်/ဗွီဗား(NSCN-IM) ဟူ၍ အဓိက အဖွဲ့ကြီး နှစ်ဖွဲ့ကွဲသွားသည်။

နာဂလန်းပြည်နယ်သည် မြန်မာနိုင်ငံနှင့် ၂၁၅ ကီလိုမီတာ(၁၃၅မိုင်ခန့်) နယ်နမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်သည်။

ဆက်စပ် သတင်းများ