ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၁၀/ ၂၀၂၄
ပြီးခဲ့သည့်လေးရက်အတွင်းက စက်လှေသုံးစင်းကို မြန်မာဖက်က သေနတ် ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ထိုကိစ္စဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆက်သွယ်ပြတ်တောက်သွားပြီး စိန့်မာတင်ကျွန်းတွင် စားနပ်ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီးမြန်မာနှင့်ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုကျော်ပြီး မြန်မာနိုင်ငံဖက်မှ ပစ်ခတ်မှုများကြောင့်ကမ္ဘာလှည့် ခရီးသည်များ ၊ အများဆုံးသွားရောက်လည်ပတ် သည့်စိန့်မာတင်ကျွန်းတွင် စားနပ်ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်လျက်ရှိကြောင်းဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ပြောကြားသည်။
ဘင်္ဂလားပင်လယ်အော်ရှိ သန္တာကျောက်တန်းများ ပေါကြွယ်၀ပြီး ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ အများဆုံးသွား ရောက်လည်ပတ်ကြသည့်စိန့်မာတင်ကျွန်းသည် မြန်မာဖက်မှ နယ်စပ်ကိုကျော်ပြီး ပစ်ခတ်မှုများကြောင့်ပြီးခဲ့သည့် လေးရက်တာကာလအတွင်း စားနပ်ရိက္ခာပြတ်လပ်မှု အကြပ်အတည်းနှင့်ရင်ဆိုင်နေရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
စတုရန်းကီလိုမီတာ (၈) ကီလိုမီတာခန့် သာကျယ်ဝန်းသည့်သဘာ၀အလှတရားများဖြင့်ပြည့်စုံလှပသည့် အဆိုပါစိန့်မင်တင် ကျွန်းငယ်လေးသည် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထင်ကရ ခရီးသွားနေရာတစ်ခုလည်းဖြစ်သည်။
ပြီးခဲ့သည့် လေးရက်အတွင်းကNaikkhyongdiaဒေသရှိနတ်မြစ်အတွင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ၏စက်လှေသုံးစင်းခန့် သည် မြန်မာဖက်က သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့၇သည်။
စိန့်မာတင်ယူနီယံကောင်စီ ဥက္ကဌဖြစ်သူ မူဂျီဘာရာမန်က လွန်ခဲ့သည့် လေးရက်က မြန်မာနယ်စပ်မှ အမည်မသိ လူများသည် စားနပ်ရိက္ခာများ၊ ခရီးသည်များကို တင်ဆောင်လာသည့်စက် လှေများကိုနတ်မြစ်နှင့် ဘင်္ဂလားပင်လယ်အော်မြစ်၀တစ်လျှောက်တွင် နှစ်နိုင်ငံနယ်စပ်ကိုကျော်ပြီး သေနတ် ဖြင့် ပစ်ခတ်ခဲ့ကြောင်း Anadolu သတင်းဌာန သို့ပြောဆိုသည်။
"(စိန့်မာတင်) ကျွန်းဆီကိုနေ့စဉ် ကုန်ပစ္စည်းတွေ မပို့နိုင်တော့ပါဘူး။ ကမ္ဘာလှည့်ခရီးသည်တွေကလည်း အစားအသောက်နဲ့တည်းခိုနေထိုင်ရေး အကျပ်အတည်းတွေ နဲ့ ရင်ဆိုင်ကြုံတွေ့ နေ၇ပါတယ်”ဟု ၄င်းကဆက်ပြောသည်။
"ကျွန်တော်တို့ မြို့နဲ့ခရိုင်အာဏာပိုင်တွေကို လည်း အကြောင်းကြားထားပါတယ်။ သူတို့က တခြားသုံးလို့ရမယ့်လမ်းကြောင်းသစ်တွေကို ရှာဖွေနေပါတယ်။ ဒါပေမဲ့ ကျွန်းနဲ့ကုန်းမြေကိုဆက်သွယ်ဖို့က တခြားရေလမ်းကြောင်းတွေ ရှိတာခုထိ မသိ၇သေးဘူး" ဟု၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင်မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်မတော်တို့ အကြား တိုက်ပွဲများပိုမိုပြင်းထန်လာကာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ရိုက်ခတ် မှုရှိ ခဲ့သည်။
နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုကိစ္စနှင့်ပတ်သက်ပြီး မြန်မာနှင့် ပြောဆိုခဲ့ကြောင်း၊ မြန်မာနှင့် ပုံမှန် ထိတွေ့ ဆက်သွယ်ပြောဆိုမှုများရှိပါကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှမြန်မာ့အရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်Mia Md Mainul Kabir ကAnadolu သို့ပြောကြားသည်။
" ကျွန်တော်တို့ဟာသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း များနဲ့ တိုင်ပင်ပြီး စိန့်မာတင် ကျွန်းဆီကိုသွားမယ့် အခြား လမ်းကြောင်းသစ်ကို ရှာဖွေနေပါတယ်။ ကျွန်တော်တို့ရဲ့ပြည်သူများ ဘေးကင်းစေရန်အတွက် ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နတ်မြစ်သည် ကော့ဘဇားခရိုင်အရှေ့တောင်ဘက်ရှိ တက္ကနက်နှင့်စိန့်မာတင် ကိုဆက်သွယ်ထားသည့်ရေလမ်းကြောင်းတစ်ခုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြားဖြတ်သန်း စီးဆင်းနေ သည့် တစ်ခုတည်းသောမြစ်ဖြစ်သည်။
အဆိုပါတိုက်ခိုက်ခံခဲ့ရမှုနောက်ပိုင်းတွင် စက်လှေ ပိုင်ရှင်များသည် ၄င်းတို့၏စက်လှေပြေးဆွဲမှုလုပ်ငန်းကိုရပ်နားထား၇သည်။
အလားတူ ဒေသခံတံငါသည်များသည်လည်းသေနတ်ဖြင့်ပစ်ခတ်ခံရမည်ကို စိုးရိမ်သောကြောင့် နတ်မြစ်အတွင်းငါးဖမ်းခြင်းကို မပြုလုပ်နိုင်တော့ ကြောင်းသိ၇သည်။