တနင်္ဂနွေ၊ ဇွန်လ ၃၀ရက်၊ ၂၀၂၄

တရုတ်က ကင်းလှည့်ရေယာဥ်၆ စီး စစ်ကောင်စီသို့ လွှဲပြောင်းမှု ရေကြောင်းပို့ဆောင်မှု ဘေးကင်းရေးအတွက်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၁၂ ရက်/၂၀၂၄

စစ်ကောင်စီကို တရုတ်နိုင်ငံမှ ကင်းလှည့်ရေယာဉ် ၆ စီး ထောက်ပံ့ပေးခဲ့ခြင်းသည် မြန်မာနိုင်ငံက ရေကြောင်းပို့ဆောင်မှုဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ရေအရင်းအမြစ်ကာကွယ် အသုံးချမှု လုပ်ငန်းများကို ပိုမိုကောင်းမွန်စွာဆောင်ရွက်ရန် ကူညီပေးမည်ဖြစ်ကြောင်း  ဇွန်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တရုတ်နိုင်ငံအစိုးရမှ မြန်မာစစ်ကောင်စီကို ကူညီထောက်ပံ့သော ကင်းလှည့်ရေယာဥ် ၆ စီးကို ဇွန် ၁၁ ရက်တွင် ရန်ကုန်မြို့၌ အောင်မြင်စွာလွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါစီမံကိန်းကို ၂၀၁၈ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံအစိုးရက တရုတ်နိုင်ငံထံသို့ တရားဝင်အဆိုပြုခဲ့ပြီး နှစ်ဦးနှစ်ဖက်က ၂ဝ၂၀ ပြည့်နှစ် သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အဆိုပါစီမံကိန်း၏ လဲလှယ်မှု စာလွှာကို လက်မှတ်ရေးထိုးခဲ့သည်ဟု သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

တရုတ်နိုင်ငံဘက်က ဖော်ဆောင်သည့်ကုမ္ပဏီသည် ကပ်ရောဂါ စသည့်အခက်အခဲများကို ကျော်လွှားပြီး ရေယာဉ်များကို အချိန်မီထုတ်လုပ်ပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံက ယခုအကြိမ် ကင်းလှည့်ရေယာဉ်လွှဲပြောင်းခြင်းမှအစပြု၍ တရား ဥပဒေ စိုးမိုးမှုစွမ်းရည် တည်ဆောက်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး လောင်းကစား၊ လိမ်လည်မှု၊ မူးယစ်ဆေးဝါး စသည့် နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများကို အဆက်မပြတ် နက်ရှိုင်းစွာ တိုက်ဖျက်သွားကာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို မြန်မာနိုင်ငံ၌ အကောင်အထည် ဖော်ခြင်းအား တက်ကြွစွာမြှင့်တင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ၏ဘုံအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်းဖြင့်လည်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ