Preview

ဘင်္ဂလားဒေ့ရှ်အကျဉ်းထောင်များတွင် ထိန်းသိမ်းခံထား၇သည့် နိုင်ငံခြားသား ၃၆၃ ဦး ရှိပြီး ထိုအထဲတွင် မြန်မာနိုင်ငံသား ၁၁၄ ဦးပါဝင်

ဇွန် ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :1303
ပြည်တွင်း သတင်း

(၂၀၁၇ ခုနှစ်သြဂုတ်လမှ ၂၀၂၄ ခုနှစ် မေလအထိ ရိုဟင်ဂျာ၉၉၄ ဦးကို ရာဇဝတ်မှုများဖြင့် ဖမ်းဆီးထား)

ဂျွန်နသန်၊ ဇွန် ၁၄/၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံခြားသား  ၃၆၃ ဦး အကျဉ်းကျလျက်ရှိပြီး ထိုအထဲတွင် မြန်မာနိုင်ငံသား  ၁၁၄ ဦး ပါဝင်သည်ဟု  The Financial Express ကသတင်းဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရာဇဝတ်မှုအမျိုးမျိုး၊ကျူးလွန်ခဲ့မှုများအတွက် နိုင်ငံခြားသား(၃၆၃) ဦးသည် အကျဉ်းထောင်များတွင်အကျဉ်းကျလျက်ရှိကြောင်း၊ ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ် ထောင်အသီးသီးတွင် ထိန်းသိမ်းထားကြောင်းဘင်္ဂလာဒေ့ရှ် ပြည်ထဲရေးဝန်ကြီးAsaduzzaman Khan က နိုင်ငံ၏ လွှတ်တော်တွင် ဇွန်  ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အကျဉ်းထောင်များတွင်အကျဉ်းကျ နေသည့် နိုင်ငံခြားသား (၃၆၃)ဦး မှာ အိန္ဒိယ နိုင်ငံသား (၂၁၂)ဦး၊မြန်မာနိုင်ငံသား(၁၁၄) ဦး၊ ပါကစ္စတန်နိုင်ငံသား(ရ)ဦး၊ မလေးရှားနိုင်ငံသား (၆)ဦး၊နိုင်ဂျီးရီးယားနိုင်ငံသား (၆) ဦးနှင့် ဘီလာရုနိုင်ငံသား(၄) ဦး တရုတ်နိုင်ငံသား(၄) ဦး တို့ဖြစ်ကြောင်း၄င်းကဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံသား(၁၁၄)ဦးအား မည်သည့် အကျဉ်းထောင်များတွင် ထိန်းသိမ်းထားခြင်းကို ဖော်ပြထားခြင်းမရှိချေ။

၎င်းအပြင်၂၀၁၇ ခုနှစ် သြဂုတ်လမှ ၂၀၂၄ ခုနှစ်မေလအထိ ရိုဟင်ဂျာ ၉၉၄ ဦးကို ရာဇဝတ်မှုဆိုင်ရာ မှုခင်းများတွင်ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးထားကြောင်းလည်း ၄င်းက ထပ်လောင်း ပြောဆိုခဲ့သည်။

ယခုဖမ်းဆီးခံထားသူ ၉၉၄ ဦးသည် နိုင်ငံခြားသား အကျဉ်းသား (၃၆၃)ဦးတွင်ဘကျုံးဝင်မှုမရှိဘဲ သီးခြား ဖမ်းဆီးခံထား၇သူများဖြစ်ကြသည်။

မြန်မာနိုင်ငံက ထွက်ပြေးလာသည့် မွတ်ဆလင်စခန်းများတွင်ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်နေသည့် အုပ်စုအများအပြားကိုတရားဥပဒေစိုးမိုးရေးအေဂျင်စီများက ဖော်ထုတ် နိုင်ခဲ့ကြောင်း၊ထောက်လှမ်းရေးအေဂျင်စီများသည် ရိုဟင်ဂျာဒုက္ခသည် စခန်းအတွင်းရှိ ရာဇဝတ်မှုဆိုင်ရာ အထောက်အထားအချက်အလက်များကို ရှာဖွေ စုံးစမ်းထောက်လှမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက လွှတ်တော်တွင် ဖြေကြားပြော ဆိုခဲ့သည်။ Source/ The Financial Express and Photo by BBC

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.