နိရဉ္စရာ၊ ဇွန် ၁၆/၂၀၂၄
နတ်မြစ်၀တွင် တည်ရှိသည့် စိန့်မာတင်ကျွန်းအနီးတွင်မြန်မာဘက်မှ ပစ်ခတ်မှုများကို ဆွေးနွေးမှုမှ တဆင့်ဖြေရှင်းရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ သို့သော် တိုက်ခိုက်ခံရပါက လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း လက်ရှိဘင်္ဂလားဒေ့ရှ် အာဏာရပါတီ အဝါအမိလိဂ်အထွေထွေအတွင်းရေးမှူးလည်းဖြစ်ကုန်လမ်းပို့ဆောင်ရေးဝန်ကြီးလည်းဖြစ်သည့် ObaidulQuader ကပြောဆိုသည်။
စနေနေ့ မွန်းလွဲပိုင်းတွင်ဒက္ကားမြို့ ဒါမောင်ဒီ (Dhanmondi) ရှိ အဝါမီလိဂ် ဥက္ကဋ္ဌရုံးခန်း၌၎င်းက အထက်ပါ မှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သည်စစ်ပွဲကိုရှောင်ရန် ဆွေးနွေးမှုများကို ကြိုးပမ်းမှုများဆက်လက်လုပ်ဆောင်နေပြီး ဆွေးနွေးမှုများမှတစ်ဆင့် ပြေလည်မှုရယူသွားမည်ဖြစ်ကြောင်း၊ သို့သော်တိုက်ခိုက်ခံ၇ပါက လက်တုံ့ပြန်မည်ဟု ၎င်းက ပြောကြားသည်။
“ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပြည်တွင်းရေး အကျပ်အတည်းတွေနဲ့ ကြုံနေရ တယ်။တိုင်းရင်းသား ၅၄ဖွဲ့ရှိပြီး သူတို့ကြားထဲမှာပဋိပက္ခတွေဖြစ်နေတယ်။သူတို့ရဲ့ပြည်တွင်းရေး အကျပ်အတည်းကိုကျွန်တော်တို့ ခံစားနေရရင်အရမ်းကံဆိုးပါလိမ့်မယ်။အဲဒီမှာ အခုလက်ရှိ စစ်တပ်က တိုင်းပြည်အာဏာကို ရယူထားပါတယ်။စစ်ပွဲတွေကို ရှောင်ဖို့ ဆွေးနွေးမှုတွေကနေတဆင့် ဖြေရှင်းဖို့ ကြိုးစားနေမှုကို ဆက်လက်လုပ်ဆောင်သွားပါမယ်။သို့သော်ကျွနု်ပ်တို့ တိုက်ခိုက်ခံရပါက ထိုတိုက်ခိုက်မှုကို ကျွန်တော်တို့ တုံ့ပြန်မှာဖြစ်ပါတယ်။ဒီနေရာမှာ ကျွန်တော်တို့ကို လျှော့တွက်စရာအကြောင်းမရှိပါဘူး။ ကျွန်တော်တို့အဆင်သင့်ဖြစ်နေပါပြီ” ဟု Quader ကပြောသည်။
ရိုဟင်ဂျာအကျပ်အတည်းနှင့် ပတ်သက်ပြီး ၎င်းက “ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာ ကလူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်တွေနဲ့ နယ်စပ်တွေကို ရက်ရက်ရောရော ဖွင့်ပေးခဲ့ပါတယ်။ဤအတွက်ကြောင့် သူမအားလူသားမျိုးနွယ်ရဲ့ မိခင်လို့ ခေါ်ဆိုနေကြတယ်။ ယခုအခါ ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများနှင့် အဖွဲ့အစည်းများက ကျွနု်ပ်တို့ကို ချီးကျူးကြပေမယ့် စိတ်ထဲမပါတဲ့ နူတ်နဲ့ဘဲ ထောက်ပံ့မှုပေးနေကြပါတယ်” ဟု ပြောဆိုသည်။
ရိုဟင်ဂျာများအတွက် အကူအညီ ပမာဏက သိသိသာသာလျော့ကျသွားကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသောစီးပွားရေးအကျပ်အတည်းအတွက် ကျွနု်ပ်တို့ စိုးရိမ်စရာဖြစ်နေကြောင်း၊ ရိုဟင်ဂျာ ၁.၂သန်းရဲ့ နောက်ထပ် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီး ဖိအားဖြစ်နေပါကြောင်း၊ အင်အားကြီး နိုင်ငံများကဒီအကျပ်အတည်းအကြောင်း ပြောဆိုနေကြသော်လည်း ကျွန်တော်တို့ စိတ်မပါသည့်လုပ်ဆောင်မှုမျိုးကို မလိုပါကြောင်း၊ ရိုဟင်ဂျာတွေရဲ့ဝန်ထုပ်ဝန်ပိုးကို ပခုံးပေါ်ကနေ ရုတ်သိမ်းဖို့ လိုပါကြောင်း၊ ကျွန်တော်တို့ ဘက်ပေါင်းစုံက ကြိုးစား အားထုတ် နေပါကြောင်း၊ ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာကက ဘယ်ကိုသွားသွားရိုဟင်ဂျာပြဿနာကို ဦးစွာတင်ပြကြောင်း ၎င်းက ထပ်ဆောင်း ပြောဆိုသွားသည်။ Ref: Dhaka Tribune