ကြာသပတေး၊ ဇွန်လ ၂၇ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲက ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက် သတိပေးချက် တိုးမြှင့်ကြောင်း အမိန့်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၁၇/၂၀၂၄

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui က ၎င်း၏နယ်ခြားစောင့်တပ်ဖွဲ့ကို ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် တလျှောက်တွင်  နိုးနိုးကြားကြားဖြင့် သတိဝီရိယရှိကြရန် အမိန့်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ပိုင်းခြားထားသည့် နတ်မြစ်၀တွင် တည်ရှိသည့် စိန့်မာတင်ကျွန်းကို ဇွန်လ ၁၇ ရက်က (တနင်္ဂနွေနေ့)က သွားရောက်လည်ပတ်ခဲ့စဉ်အတွင်းဗိုလ်ချုပ် Siddiqui က ထိုသို့ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၎င်းက ဖြစ်ပေါ် လာနိုင်သည့် အခြေအနေများကို ကိုင်တွယ်ရာတွင် ကြိုတင်ပြင်ဆင်မှု၏ အရေးကြီးပါမှု ကို အလေးထား ပြောကြားခဲ့ကြောင်း UNB သတင်းဌာန က သတင်းဖော်ပြသည်။

“ မကြာသေးမီက ဖြစ်ပွားခဲ့သော မြန်မာဘက်က မငြိမ်မသက်မှုများကို တုံ့ပြန်ရန် အတွက်  မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်တွင် နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များကို နိုးနိုးကြားကြားရှိနေရန်နှင့် သတိထား ကြပ်မတ်ရန် ၎င်းမှ အမိန့် ညွှန်ကြားချက်” ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဝေးလံခေါင်သီလှသောကျွန်း(စိန့်မာတင်ကျွန်း)ပေါ်၌ စိန်ခေါ်မှုအခြေအနေများအောက်တွင် တာ၀န် ထမ်းဆောင်နေကြရသည့် BGB တပ်ဖွဲ့၀င်များ၏ စွမ်းဆောင်ရည်ပြည့်၀မှုအပေါ် ကျေးဇူး တင်ရှိကြောင်း ၄င်းကထပ်လောင်း ပြောကြားခဲ့သည်။

ထို့အပြင် BGB အကြီးအကဲသည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်စပ်ဒေသလုံခြုံရေးကို ထိန်းသိမ်းရန် အရေးကြီးကြောင်း၊ အလေးပေးဆောင်ရွက်ရမည့် စစ်ဆင်ရေး၊ လေ့ကျင့်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ညွှန်ကြားချက်များ ပေးခဲ့သည်ဟု ဆိုသည်။

Ref:  The Financial Express

ဆက်စပ် သတင်းများ