ဇွန်၁၈ရက်ကTNLA တပ်စခန်းရှိရာသို့စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်၍ TNLA တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ပြီး (၄)ဦးဒဏ်ရာရရှိ
ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၁၉/ ၂၀၂၄
စစ်ကောင်စီသည်ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး တအာင်းတပ်မတော်တည်ရှိရာကို နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိရာဇွန်၁၈ရက်က TNLA တပ်စခန်းရှိရာသို့ စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်၍ TNLA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီး (၄)ဦးဒဏ်ရာရရှိခဲ့သည်။
တအာင်းပြည်တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့နယ်တွင် ဇွန်၁၈ရက်က စစ်ကောင်စီတပ်ဖွဲ့မှဒရုန်း (၂)စင်းဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့်တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင် တစ်ဦး အသက်ပေးလှူခဲ့၇ပြီး(၄)ဦးဒဏ်ရာ၇သည်ဟုTNLAကသတင်းထုတ်ပြန်သည်။
ထို့အပြင်အုမ္မတီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဆမ္မဆယ်ရွာဘက်သို့လက်နက်ကြီး (၄)လုံးပစ်ခတ်ပြီး တအာင်းတပ်မတော် တပ်စခန်းရှိရာကိုကျရောက်ပေါက်ကွဲခဲ့သည်။
ဇွန်လ(၁၈)ရက် ညနေ (၃:၄၄) တွင်တစ်ကြိမ်၊(၃:၅၀)တွင်တစ်ကြိမ်၊ (၃:၅၅)တွင်တစ်ကြိမ်လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်လိက်ရှိသည်။
ဇွန်လ(၉) ရက်နေ့တွင်လည်း တအာင်းပြည် မိုးမိတ်မြို့နယ်၌ စစ်ကောင်စီတပ်မှ ပေါင် (၅၀၀) ဗုံးအသုံးပြု၍ မန်ပိန်းနှင့် ပန်တင်ရွာကြားတွင် လာရောက်ကြဲချခဲ့ပြီး TNLA တပ်သား (၃) ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်။
စစ်ကောင်စီသည်ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး တအာင်းတပ်မတော်တည်ရှိရာကို နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိသည်ဟုTNLAကဇွန်၁၈ရက်က သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
---