နိရဉ္စရာ၊ ဇွန် ၂၀/၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုးကီးယားမြို့နယ်ရှိမွတ်ဆလင် ဒုက္ခသည်များစခန်းတွင် မြေပြို၍ လူ ၁၀ ဦး သေဆုံးသွားကြောင်း BDNews သတင်းတွင် ဖော်ပြသည်။
သီးခြားမြေပြိုမှုလေးခု ဖြစ်ပွားပြီးနောက် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိ၇သည်။
ဒုက္ခသည် ကယ်ဆယ်ရေးနှင့်နေရာရွှေ့ပြောင်းရေးကော်မရှင်နာ Md MizanurRahman က “ဒီမြေပြိုမှုတွေဟာ အင်္ဂါနေ့ညနှောင်းပိုင်းကနေ ဒီနေ့ မနက်ပိုင်းအထိ အမှတ် ၁၊ ၈၊ ၉၊ ၁၀၊ နဲ့ ၁၄ စခန်းတွေမှာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အခုထိ ၁၀အလောင်း တွေ့ပါပြီ” ဟု ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ပြောဆိုသည်။
အလောင်း ၁ လောင်းစီကို စခန်းအမှတ် ၁၊ ၈ နှင့် ၁၄ မှလည်းကောင်း၊ ေလာင်း ၃ လောင်းကို အမှတ် ၉ မှလည်းကောင်း၊ အလောင်း ၄ လောင်းကို စခန်းအမှတ် ၁၀ လည်းကောင်း ရရှိခဲ့သည်။
စခန်းလုံခြုံရေးအတွက် တာဝန်ပေးထားသည့် အမှတ် (၈) ရဲတပ်ဖွဲ့ မှ ရဲမှူး Amir Jafar က “သေဆုံးသူ နှစ်ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဖြစ်ပြီး ကျန်ရှစ်ဦးသည်ရိုဟင်ဂျာများ ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
သေဆုံးသူများမှာ စခန်းအမှတ် ၁၀ မှ Abu Meher (၂၅) နှစ်၊ Shahana(၂၂) နှစ်၊ AbulKalam (၅၀) နှစ်နှင့် SelimaKhatun (၄၅) နှစ်၊ စခန်းအမှတ် ၉ မှ MohammadHossain (၅၀) နှစ်၊ AnowaraBegum (၁၈) နှစ်၊ Md Salman အသက် (၃) နှစ်၊ စခန်းအမှတ်(၁)မှ Putni Begum (၃၄)နှစ်၊ စခန်းအမှတ် (၈)မှ MdHarez (၄)နှစ်နှင့် စခန်းအမှတ် ၁၄ မှ ဒဏ်ရာ၇သူမှာ Abdul Karim (၁၂) နှစ်ဖြစ်သည်။
အင်္ဂါနေ့ညကတည်းက ကော့စ်ဘဇားခရိုင်နှင့် အခြားနေရာများတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။ ဒုက္ခသည်စခန်းရှိအိမ်အများစုသည် တောင်ကုန်းဘေးတွင်ရှိရာမှ မြေပြိုမှုကို ထိခိုက်ခံစားခဲ့ကြ၇သည်ဟု ဆိုသည်။
မြေပြိုမှုအတွင်း ဒုက္ခသည်စခန်းများတွင် သေဆုံးမှု ယခင်ကအဖြစ်အပျက်များ ရှိခဲ့သည်။
လက်ရှိတွင် အသံချဲ့စက်ဖြင့် လူသိရှင်ကြား ကြေငြာမှုများ ပြုလုပ်နေပြီးတောင်ကုန်းအနီးတွင် နေထိုင်သူများကို ဘေးကင်းသော နေရာများသို့ ရွှေ့ပြောင်းရန်တိုက်တွန်းထားသည်။
သေဆုံးသူများတွင် ဒေသခံနှစ်ဦး ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ မြေပြိုမှုတွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်းနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိ၇သည်။
ကော့စ်ဘဇား မိုးလေ၀သရုံး၏ လက်ထောက်ညွှန်ကြားရေးမှူး TofailAhmed က အင်္ဂါနေ့ နံနက် ၁၂ နာရီမှ ဗုဒ္ဓဟူးနေ့ နံနက် ၁၂ နာရီအထိမိုးရေချိန် ၆ မီလီမီတာ ရွာသွန်းခဲ့ကြောင်း၊ ၎င်းမိုးရေချိန်မှာ ကော့ဘဇားတွင် မှတ်တမ်းဝင်ခဲ့ကြောင်း ပြောဆိုသည်။
တက်ကနက် မိုးလေ၀သဌာနမှ SaifulIslam က ဗုဒ္ဓဟူးနေ့ နံနက် ၆ နာရီမှ ခြောက်နာရီအတွင်း တက်ကနက်မြို့ တွင် မိုးရေချိန် ၅၆ မီလီမီတာ စံချိန်တင်ခဲ့ကြောင်း ပြောကြားသည်။