တနင်္ဂနွေ၊ ဇူလိုင်လ ၁၄ရက်၊ ၂၀၂၄

မြန်မာနိုင်ငံသားများနှင့် နယ်စပ်ရှိ ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ နောက်ထပ် ယူရို ၁၅ သန်းထပ်မံပေးအပ်မည်ဟု EUက ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 472

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂၁/ ၂၀၂၄

မြန်မာနိုင်ငံသားများနှင့် နယ်စပ်ရှိဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရန်အတွက် ယူရို (၁၅) သန်း ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ(EU)က ဇွန်၂၀ရက်ကသတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများသည် အရှိန်အဟုန်ဖြင့် တိုးလာနေသည့်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ ထပ်တိုးလိုအပ်လာသောကြောင့် ဥရောပသမဂ္ဂသည် နိုင်ငံတွင်း ထိခိုက်ခံရသော ပြည်သူများနှင့် အိမ်နီးချင်းနိုင်ငံများဆီ ထွက်ပြေး တိမ်းရှောင်သွားရသော ဒုက္ခသည်များအား ကူညီနိုင်ရန် ယူရို (၁၅) သန်းထပ်မံ ပေးအပ်သွားမည်ဟု ဆိုသည်။

"မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ပြည်သူလူထုအတွက် လူသားချင်းစာနာမှုဆိုင်ရာ အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေပါတယ်။အခုထပ်မံချထားပေးတဲ့ ယူရို (၁၅) သန်းဟာ ပြင်းထန်သော အကာအကွယ်မဲ့မှု၊ ဆိုးရွားသော စားနပ်ရိက္ခာဖူလုံရေး အကျပ်အတည်းနှင့် အရေးကြီးသော ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီခြင်းအပါအဝင် ခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်နေရသော လူဦးရေအတွက် သက်သာရာရစေမှာပါ။ အရပ်သားများအပေါ် အကြမ်းဖက်မှုများ တိုးလာခြင်းအကြောင်း ထိတ်လန့်ခြောက်ခြားစရာ အစီရင်ခံစာများအရ အားလုံးဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရန် အရေးကြီးကြောင်း ထင်ရှားပါတယ်။ ဒီ အခြေဟာ အထူးသဖြင့် လက်နက်ကိုင်များ၏ လက်ထဲတွင် ပြင်းထန်သော အန္တရာယ်များ ကြုံတွေ့နေရတဲ့ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပါအဝင် လူ့အဖွဲ့အစည်း အားလုံးအတွက် စိုးရိမ်စရာကောင်းနေပါတယ်။ အရပ်သားပြည်သူလူထုကို အကာအကွယ် ပေးရေးတွင် သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့နဲ့ လေးစားလ ိုက်နာကြဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်”ဟု အကြပ်အတည်းစီမံခန့်ခွဲမှု ကော်မရှင်နာJanez Lenarčič က ပြောဆိုသည်။

ယခုထပ်မံချထားပေးသော ပမာဏသည် ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသူများအား စားစရာ၊ အမိုးအကာ၊ ရေသန့်နှင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အသက်ကယ် အထောက်အပံ့များ ပေးနိုင်ရန် ကူညီနိုင်မည်ဖြစ်သည်။

ယင်းထပ်လောင်း ရန်ပုံငွေသည် မြေမြှုပ်မိုင်းအန္တရာယ်နှင့် ထိတွေ့မှု အနည်းဆုံးဖြစ်စေခြင်းကဲ့သို့သော အန္တရာယ်များသည့် အခြေအနေတွင် မိမိကိုယ်ကို ကာကွယ်နိုင်ရန် အကူအညီပေးနိုင်မည်ဖြစ်သည်။​

၂၀၂၁ ခုနှစ်တွင်မြန်မာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားစဥ်ကတည်းက ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ အကြပ်အတည်းအတွက် အကူအညီများ နှစ်စဥ် တိုးမြှင့်ထားပေးလာရာ ၂၀၂၄ ခုနှစ်တွင် ယူရို (၃၆) သန်းရှိပြီဖြစ်သည်။ Source/European Union

ဆက်စပ် သတင်းများ