တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

မြန်မာနိုင်ငံတွင်(၃)နှစ်အတွင်း လူလတ်တန်းစားလူဦးရေရှိမှု သည် ၅၀% ကျဆင်းသွားပြီး လူပေါင်း ၄၂ သန်းသည် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 659

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂၄/ ၂၀၂၄

မြန်မာနိုင်ငံတွင် ၃ နှစ်အတွင်း လူလတ်တန်းစား လူဦးရေရှိမှု သည် ၅၀ ရာခိုင်နှုန်း ကျဆင်းသွားပြီးလူ ၄၂ သန်းသည် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရ ကြောင်း UNDP ကသတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ၃ နှစ်တာကာလအတွင်း လူလတ်တန်းစား လူဦးရေရှိမှုသည် ၅၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး လူ (၄၂ )သန်းသည် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရခြင်း (သို့မဟုတ်) ဆင်းရဲမွဲတေမှု အန္တရာယ်နှင့် နီးစပ်နေရသည်။

လူပေါင်း (၁၃ ဒသမ ၃ )သန်းသည် စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂမှတဆင့် ဖွံ့ဖြိုးရေးအကူအညီသည် ၄၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ရပြီး တစ်ချိန်တည်းတွင် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဥ်များသည်လည်း ရန်ပုံငွေမလုံလောက်ဘဲ ရှိနေကြောင်းအဆမတန်ကြီးထွားလာနေသော လိုအပ်ချက်ကို တုံ့ပြန်ရန်မှာ စိန်ခေါ်မှုဖြစ်သော်လည်း ဖြစ်နိုင်ပါသေးသည်။

UNDP သည် လူပေါင်း (၂)သန်းကျော်ကို ကူညီပေး ခဲ့ပြီးဖြစ်ပြီး လာမည့် ၂၀၂၅ နှစ်ကုန်တွင်လူပေါင်း (၈)သန်း​အထိ ကူညီနိုင်ရန် ရည်မှန်းထားပါသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော နိုင်ငံရေးအခြေအနေအရ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အကူအညီနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၌ UNDP ၏ချဉ်းကပ်ပုံကို ပြန်လည် ဖွဲ့စည်းပုံဖော်ထားပါသည်။

“လုပ်အားအတွက် ငွေသားပေးအပ် ထောက်ပံ့ခြင်း” အစီအစဉ်များအပြင် လယ်ယာကဏ္ဍ မြှင့်တင်ခြင်းမှ ဒေသခံတောင်သူလယ်သမားများအတွက် အထောက်အပံ့ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအထိ၊ ကျွန်ုပ်တို့သည် လတ်တလောလိုအပ်ချက်များကို ဖြေရှင်းရန်လုပ်ဆောင်နေပါသည်။

ထို့အပြင် ရပ်ရွာမှ ဦးဆောင်သည့် ချဥ်းကပ်ကူညီမှုများဖြင့် စားနပ်ရိက္ခာ လက်လှမ်းမီမှုနှင့် ဆင်းရဲမွဲတေမှုကို ကိုင်တွယ်ဖြေရှင်းရန်ကျွန်ုပ်တို့၏ ပြည်တွင်းသာမက နိုင်ငံတကာ မိတ်ဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေပါသည်ဟုUNDP ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Source/UNDP Myanmar

ဆက်စပ် သတင်းများ