စနေ၊ ဇွန်လ ၂၉ရက်၊ ၂၀၂၄

မြန်မာဘက်မှ အလွန် ကျယ်လောင်သည့်ပေါက်ကွဲသံများကြောင့် ဘင်္ဂလားဒေ့ရှ်ဒေသခံများ စိုးရိမ်ထိတ်လန့်မှုများဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ဂျွန်နသန်၊ ဇွန် ၂၆/၂၀၂၄

မြန်မာဘက်မှ အလွန် ကျယ်လောင်သည့် ပေါက်ကွဲသံများကြောင့်ဘင်္ဂလားဒေ့ရှ် ရှိ ဒေသခံများ စိုးရိမ် ထိတ်လန့်မှုများဖြစ်ပွားလျက်ရှိနေကြောင်းသိရသည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ဘက် မှအလွန် ကျယ်လောင်သည့် ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင် တက်ကနက် (ကယုချောင်း) မြို့ အနီးအနား၀င်းကျင်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအကြား ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပွားခဲ့ရသည်။

ဗုဒ္ဓဟူးနေ့ (ဇွန်လ၂၆ရက်) နံနက်အထိ အဆိုပါ ပေါက်ကွဲ သံများကို ကြားခဲ့ရသည်ဟု တက်ကနက်ရှိ နယ်စပ် ဒေသမှ ဒေသခံများက ပြော ဆိုသည်။

အဆိုပါ ကျယ်လောင်သည့် ပေါက်ကွဲသံမျိုးတစ်ကြိမ် တစ်ခါမျှ မကြားဖူးကြောင်း ဒေသခံ အများစုက ပြောဆိုသည်။

အင်္ဂါနေ့(ဇွန်လ ၂၅ရက်) နံနက်ပိုင်းမှစတင်၍ မြန်မာနိုင်ငံအတွင်း၌ မော်တာကျည်ဆံ သံ နှင့် အမြောက် ပစ်ခတ်သံများ ကြားနေရသည်။ တက်ကနက်မြစ်တလျှောက် ဧရိယာ အပါအဝင် မြို့နယ် ဒေသ တစ်ခုလုံးတွင် ပေါက်ကွဲသံများ တစ်ညလုံး ကြားနေရသည်ဟု ဒေသခံများကပြောဆိုသည်။

ဆားပြင်ဧရိယာ တွင်နေထိုင်သူ ဂျာဆင်း က တနင်္လာနေ့ (ဇွန်၂၄ ရက်) ညပိုင်းမှ စပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာကြောင်း အဆိုပါပေါက်ကွဲသံများကြောင့် လူအများ အထိတ်တလန့်ဖြစ်ပွားခဲ့ကြောင်း ပြောဆိုသည်။

ဆားပြင်ဧရိယာသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နှင့် မျက်နာချင်းဆိုင် နတ်မြစ်၏  တစ်ဘက် တစ်ချက်တွင်ရှိသည်ဟု ဆားပြင်တိုက်နယ်ဥက္ကဋ္ဌ  Noor Hussain နူးဟူစိန် က ပြောဆိုသည်။

အင်္ဂါနေ့(ဇွန်လ ၂၅ရက်) မနက်ပိုင်းကတည်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်ရှိသည့် ရွာများမှ ပစ်ခတ်သံများ ထပ်မံကြားလာရသည်ဟု ဒေသခံများက ပြောဆိုသည်။

စိန့်မာတင်ကျွန်း၏ ဥက္ကဋ္ဌ ဖြစ်သူ မူဂျီဘာရာမန် က မြန်မာနိုင်ငံမှ ပေါက်ကွဲသံများကို  ယမန်နေ့ကတည်းက စိန့်မာတင်ကျွန်းမှ ကြားနေ ရသည်ဟု ဆိုသည်။

ဇွန်လ ၂၅ ရက်၊ညနေ ၅ နာရီမှ ဇွန်လ၂၆ရက် နံနက်အထိ မြန်မာနိုင်င မှ မောင်တောမြို့နယ်တွင် မော်တာကျည်ဆန်များနှင့် ဗုံးပေါက်ကွဲသံများ ဆက်တိုက်ကြားနေရသည်။

အဆိုပါဒေသ များတွင် မြန်မာစစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ အကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ( BGB ) သည် မြန်မာဘက်ကလူများ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ဝင်ရောက် လာခြင်းမပြုနိုင်အောင် တင်းကျပ်မှုများလုပ်ဆောင်ထားသည်ဟု ဆိုသည်။

BGB သည် ဇွန်လ၂၆ ရက် နံနက် ခြောက်နာရီမှ ညကိုးနာရီအထိ တက်ကနက်  နယ်စပ်ဒေသ တစ်လျှောက် ကင်းလှည့်နေပြီး မည်သူကိုမျှ နယ်စပ်အနီး၀င် ရောက် ခွင့်မပြုဟုဆိုသည်။ Source/Daily Bangladesh ​and photo by Somoy News

ဆက်စပ် သတင်းများ