Preview

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်း သို့ စောလျင်စွာပြန်သွားရန် အိန္ဒိယကတောင်းဆို

ဇွန် ၂၇/ ၂၀၂၄ | ကြည့်ရှုသူ :1236
ပြည်တွင်း သတင်း

(အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုများဖြစ်ပွားနေသည့် အပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိ ကြောင်းပြောဆို)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂၆/၂၀၂၄

အိန္ဒိယနိုင်ငံသည်မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့်အကြမ်းဖက်မှုနှင့်မတည်ငြိမ်မှုများ အပေါ်အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်း သို့ စောလျင်စွာပြန်သွားရန်အိန္ဒိယကတောင်းဆိုကြောင်း Hindustan Timesက သတင်းရေးသားဖော်ပြသည်။

အိန္ဒိယပြည်ရေးရာ(နိုင်ငံခြားရေး)ဝန်ကြီးS Jaishankar သည်မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်ဇွန်လ၂၆ ရက် က နယူးဒေလီ၌ တွေ့ဆုံစဥ် အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့နယ်စပ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအတွင်း က အကြမ်းဖက်မှုနဲ့မတည်မငြိမ်မှုတွေရဲ့ အကျိုးသက်ရောက်မှူအပေါ် မှာ အလွန်အမင်းစိုးရိမ်ပူပန်မိဖြစ်ရတယ်လို့ တွေ့ဆုံပွဲမှာကျွန်တော် ပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ အနေနဲ့ အခုဖြစ်ပွားနေတဲ့ အခြေအနေတွေအပေါ် ဖြေရှင်းရာမှာသက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့လမ်းဖွင့်ထားပါတယ်” ဟု ဝန်ကြီးJaishankar က လူမှုကွန်ရက် X တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်း သို့ စောလျင်စွာပြန်သွားရန်တောင်းဆိုခဲ့ပြီး အိန္ဒိယသည် မည်သည့်နည်းဖြင့်မဆိုမြန်မာကိုကူညီပေးရန် အသင့်ရှိကြောင်း Jaishankar က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိသက်ဆိုင်သူများအားလုံးသည် ရန်လိုမှုများကို ရပ်တန့်ကာ အဖြေတစ်ခုရှာရန်အတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသို့ ပြန် သွားသင့်ကြောင်း၄င်းက မြန်မာနိုင်ငံအပေါ် အိန္ဒိယ၏ရပ်တည်ချက်ကို ထပ်လောင်းပြောဆိုခဲ့သည်။

အရူနာချယ်ပရာဒက်ရှ်၊မဏိပူရ်နှင့် နာဂလန်း စသည့် အိန္ဒိယ အရှေ့မြောက်ပိုင်းပြည်နယ်များနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်အစိုးရတပ်ဖွဲ့များနှင့်တော်လှန်ရေးတပ်ဖွဲ့များအကြား မကြာသေးမီရက်သတ္တပတ်များအတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် အိန္ဒိယ၏စိုးရိမ်ပူပန်မှုများမြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံရှိချင်းလက်နက်ကိုင်အဖွဲ့များက မဏိပူရသို့ လက်နက်များမှောင်ခိုမှောင်ခိုတင်ပို့နေသည့် အတွက် တစ်နှစ်ကျော်ကြာ ဖြစ်ပွားနေသည့်လူမျိုးရေးပဋိပက္ခများကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ဒုက္ခများ ရင်ဆိုင်ကြုံတွေ့နေ၇သည်ဟုဆိုသည်။

မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်း၏ဆွေသည် အိန္ဒိယပြည်ရေးရာ (နိုင်ငံခြားရေး) ဝန်ကြီးSJaishankar နှင့်နယူးဒေလီ၌ တွေ့ဆုံခဲ့ မှုသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးမြန်မာ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်ကြောင်းသိ၇သည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီးမြန်မာစစ်ကောင်စီက တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

Source/Hindustan Times.

#အိန္ဒိယ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.