- Web Master
- ၃၁ သြဂုတ် ၂၀၂၄
နိရဥ္စာ
၊ဇွန် ၂၉/၂၀၂၄
တရုတ်ကို ရောက်နေသည့် သမ္မတဟောင်း ဦးသိန်းစိန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Mr. Wang Yi) နှင့် တွေ့ဆုံခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇွန် ၂၉ ရက်နေ့ညပိုင်းတွင် သတင်း ထုတ်ပြန်သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ပေကျင်းမြို့၌ မြန်မာနိုင်ငံသမ္မတ (ငြိမ်း) ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်ဟု ဖော်ပြသည်။
ဦးသိန်းစိန်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ် ချမှတ်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ထိုသို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
Mr. Wang Yi က
အဆွေတော်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့်
နှစ်ပေါင်း (၇၀) က တရုတ်နိုင်ငံခေါင်းဆောင်မှ အဆိုပြုသည့် ငြိမ်းချမ်းစွာ
အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်သည် မြန်မာနိုင်ငံ၏ ထောက်ခံမှုကို
ရှေးဦးစွာရရှိခဲ့ကြောင်း၊ ထို့နောက် အာရှတိုက်၌ မိတ်ဆက်ခဲ့ပြီး
အာရှနိုင်ငံများအကြား ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက်အားတိုက်
မြှင့်တင်ပေးခဲ့ကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံသတ်မှတ်ချက်နှင့်
နိုင်ငံတကာဥပဒေ အခြေခံမူအဖြစ် တိုးတက်လာပြီး ဒုတိယကမ္ဘာစစ်အလွန်ကာလ
နိုင်ငံတကာ အစီအစဉ်
တည်ဆောက်မှုအတွက် အရေးပါအကျိုးထမ်းဆောင်မှုပေးကာ အရေးကြီး public goods များ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊
နှစ်ပေါင်း (၇၀) အကြာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး
မူကြီး (၅) ရပ်သည် ခေတ်နောက်ကျမကျန်ခဲ့သည့်အပြင် ထက်သန်သည့်
သက်ဝင်လှုပ်ရှားမှု
စွမ်းအားများ
ဆက်လက်ပြီး ၎င်းက ယမန်နေ့ညနေတွင် သမ္မတရှီကျင့်ဖျင်က အဆိုပါအထိမ်းအမှတ်အခမ်းအနားအား တက်ရောက်ရာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်၏ စိတ်ဓာတ်အနှစ်သာရနှင့် ခေတ်အဆက်ဆက် တန်ဖိုးကို နက်ရှိုင်းစွာ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ခြင်းသည် မူကြီး (၅) ရပ်အတွက် ခေတ်၏အနှစ်သာရအသစ်များ ထပ်မံ ထည့်သွင်း ပေးခဲ့သောကြောင့် မူကြီး (၅) ရပ်ကို အကောင်းမွန်ဆုံး ပြန့်ပွားအောင် လုပ်ဆောင်မှုနှင့် အဆင့်မြှင့်တင်မှု ဖြစ်ပြီး ယခုလက်ရှိ ကမ္ဘာကြီးက ရင်ဆိုင်နေရသည့် စိန်ခေါ်မှုအမျိုးမျိုးကို ဖြေရှင်းရန် အတွက် အရေးကြီး public goods ကို ထပ်မံထောက်ပံ့ပေးလိုက်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် ဖော်ဆောင်ရေးနှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုမြှင့်တင်ရန်အတွက် ကြိုးပမ်းမှုအသစ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဦးသိန်းစိန်က လွန်ခဲ့သည့်
ဆယ်နှစ်တုန်းက မိမိသည် သမ္မတအနေဖြင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်သည့်
နှစ် (၆၀) ပြည့်အထိမ်းအမှတ်အခမ်းအနားသို့
တက်ရောက်ခဲ့ကြောင်း၊ ယခုအကြိမ်သည် တရုတ်နိုင်ငံ၏မိတ်ဆွေဟောင်းအနေ