(MNDAAမဟာမိတ်တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ၃ဦးဒဏ်ရာ၇)
နိရဉ္စရာ၊ဇွန် ၂၉/၂၀၂၄
စစ်ကောင်စီတပ်က ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ ကာကွယ်ရေး နယ်မြေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ MNDAA မှ မဟာမိတ်တပ်ဖွဲ့ဝင်ရှေ့တန်းတပ်သား ၂ ဦးကျဆုံးပြီး အခြား ၃ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်ဟု ဇွန်၂၉ ရက် ကိုးကန့်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဇွန် ၂၉ ရက် နံနက် ၈ နာရီ လားရှိုးမြို့ မြောက်ဘက်နမ့်ဖူးယိုင်ရှိ မဟာမိတ်တပ်များ ကာကွယ်ရေး နယ်မြေကို အကြမ်းဖက် စစ်ကောင်စီ တပ်ရင်း(၅၇၉) မှ ဝင်ရောက် တိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
၎င်းတိုက်ပွဲတွင် မိမိကိုယ်ကိုခုခံကာကွယ်ရန် အတင်းအကြပ် ပြန်လည်ပစ်ခတ်ခဲ့ရပြီး တိုက်ပွဲတွင် ထိုသို့ သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။
ဇွန် ၂၉ ရက် နံနက် ၁၀ နာရီ ၃၀မိနစ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်များ၏တိုက်ခိုက်မှုကို MNDAA စစ်သည်တော်များက သူရဲကောင်းဆန်ဆန် ပိတ်ဆို့ထားပြီးနောက် နံနက် ၁၁နာရီတွင် စစ်ကောင်စီတပ် ဆုတ်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်ဟု ဆိုသည်။
တိုက်ခိုက်မှုမအောင်မြင်သောကြောင့် အာဏာသိမ်း စစ်ကောင်စီတပ်သည် လားရှိူးမြို့ (ဟိုပိတ်) ၁၃မိုင်မှ မဟာမိတ်တပ်များ၏ကာကွယ်ရေးနယ်မြေအား အမြောက်ကျည်မျိုးစုံဖြင့် ပစ်ခတ်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ည ၈ နာရီ ၃၄ မိနစ်အထိ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
လက်ရှိအချိန်တွင်စစ်ကောင်စီသည် မဟာမိတ်တပ်များ၊တအောင်းတပ်မတော်နှင့်အာရက္ခတပ်တော်တို့နှင့်ရရှိထားသည့်"ဟိုဂင်သဘောတူညီချက်" ကို ချိုးဖောက်ပြီး ညီနောင် မဟာမိတ် တပ်များကို ထပ်မံတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။
စစ်ကောင်စီသည် ဇွန်လ၁၈နေ့ တွင် တအောင်းတပ်မတော်၏ခံစစ်နယ်မြေကို ဗုံးကြဲတိုက်ခိုက်ခြင်းအပြင် ဒရုန်းများဖြင့်ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှ စတင်ပြီးတိုက်ပွဲစတင်ဖြစ်ပွားနေသည်ဟု သိရှိ၇သည်။
ဆက်လက်ပြီး ဇွန် ၂၉ ရက်နေ့တွင် ကိုးကန့်တပ် (MNDAA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်စတင်ဖြစ်ပွားလြာခင်းဖြစ်သည်။
စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေး လျစ်လျူရှုထားပြီး တိုက်ခိုက်မှုကို စတင်လာသဖြင့် မြန်မာနိုင်ငံရှိ ရှမ်းမြောက်ဒေသပိုင်းတွင်တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။