စနေ၊ ဇူလိုင်လ ၆ရက်၊ ၂၀၂၄

ဇွန်လအတွင်း အကြမ်းဖက်စစ်အုပ်စုကလေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား(၉၆) ဦး သေဆုံးခဲ့၊ ရခိုင်ပြည်နယ်တွင် (၃၈) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ဟု AAPP ကသတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 345

နိရဉ္စရာ၊ ဇူလှိုင် ၄/၂၀၂၄

ဇွန်လအတွင်း နိုင်ငံတစ်၀န်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်း နှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၉၆) ဦး သေဆုံးခဲ့ရပြီး ရခိုင်ပြည်နယ်တွင် သေဆုံးသူ (၃၈) ဦးရှိရာ သေဆုံးမှု အများဆုံးဒေသဖြစ်သည်ဟု (AAPP) က ဇူလိုင်(၃)ရက်က သတင်းထုတ်ပြန်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ကောက်ယူထားသော သတင်း အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၃) ဦးနှင့် အမျိုးသား (၃၃) ဦး စုစုပေါင်း (၅၆) ဦး သေဆုံးခဲ့သည်။

သေဆုံးခဲ့သူများတွင် အသက် (၁၈) နှစ်အောက် ကလေးငယ် (၉) ဦး ပါဝင်ခဲ့သည်။ အဆိုပါ (၅၆) ဦးအနက် ရခိုင်ပြည်နယ်မှာ (၂၆) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်သည်။

ထို့ပြင် အဆိုပါဇွန်လ အတွင်း နိုင်ငံတဝန်းလုံး၌ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၂) ဦးနှင့် အမျိုးသား (၁၈) ဦး စုစုပေါင်း (၄၀) ဦး သေဆုံးခဲ့သည်။

အဆိုပါ (၄၀) ဦးအနက် သေဆုံးမှု အများဆုံးဒေသမှာ (၁၂) ဦးဖြင့် ရခိုင်ပြည်နယ်မှ ဖြစ်သည်ဟု(AAPP) ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုကြောင့် ဇွန်လ အတွင်း စုစုပေါင်း ၉၆ ဦးအထိရှိပြီး ရခိုင်တွင် ၃၈ ဦးအထိ ရှိခဲ့သည်။

ထိုသေဆုံးခဲ့သူများကို  အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

 

ဆက်စပ် သတင်းများ