Preview

စစ်ကောင်စီ၏ ကြိုးပေးကွပ်မျက်ခံခဲ့၇သည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ မိခင်ကွယ်လွန်

ဇူလိုင် ၀၇/ ၂၀၂၄ | ကြည့်ရှုသူ :1223
ပြည်တွင်း သတင်း

လူထက်နိုင်( ဒွါယာမြီ)၊နိရဥ္စရာ၊ဇူလိုင် ၇/ ၂၀၂၄=

စစ်ကောင်စီ၏ ကြိုးပေးကွပ်မျက်ခံခဲ့၇သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယု၏မိခင် ဒေါ်အမာညွန့်သည် ထိုင်းနိုင်ငံမဲဆောက် မြို့တွင် ဇူလိုင်လ ၆ ရက် ညနေပိုင်းက ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်းနီးစပ်သူများမှ နိရဉ္စရာသို့ ပြောသည်။

ကိုဂျင်မီအား စစ်ကောင်စီမှ ကြိုးပေးကွပ်မျက်ခံခဲ့ရသော လ ဖြစ်သည် ဇူလိုင်ကမှာပင် တိုက်တိုက်ဆိုင်ဆိုင် မိခင်ပါကွယ်လွန်ခဲ့ခြင်းဖြစ်သောကြောင့် မိသားစုများအပါအဝင် နှင့်ရင်းနှီး သည့် မိတ်ဆွေများ အထူးစိတ်ထိခိုက်ရ ကြောင်းသိ၇သည်။

“ဆေးရုံသွားပြပြီး ဆရာဝန်ကဆေးရုံတင်ဆိုလို့ တင်တာ၊ အသက်ရှုကြပ်သလိုဖြစ်လာပြီး ဆုံးသွားတာ။လုံခြုံရေးအရ တော့နေရာတွေ အကုန်လုံးပြောလို့မရသေးပါဘူး။ကိုဂျင်မီ သေတဲ့လနဲ့တိုက်ဆိုင်နေတော့ မိသားစုတွေ တော်တော်စိတ်ထိခိုက် နေတယ်။ရင်နှီးတဲ့သူတွေလည်း စိတ်ထဲ တော်တော်ထိနေကြတော့ အဆက်အသွယ်တွေ လုပ်ရင် ဖြေပေးဖို့ အတွက် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတာချို့ရှိတယ်”လို့ မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယု၏မိခင် ဒေါ်အမာညွန့်သည် သေဆုံးချိန်တွင် အသက်က (၇၈) နှစ်ရှိပြီဖြစ်ကာ  ဈာပနအား သုံးရက်ထားရှိမည်ဖြစ်ကြောင်းသူကဆက်ပြောသည်။

ဒေါ်အမာညွန့်တွင်  သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများရှိကြောင်းလည်းသိ၇သည်။

“ဒီနေ့ တနေကုန် လူတွေ့ အစည်းအဝေး တွေနဲ့ မို့ အခုဏ ကမှ ဖုန်းကြည့်မိ - အကို ကိုဂျင်မီ့ အမေကွယ်လွန်တဲ့ သတင်းကြားရတယ်။ မိသားစု ၊ ရဲဘော်ရဲဘက်တွေနဲ့အတူ ဝမ်းနည်းရပါတယ်။ အကို့ ကိုလည်း စူးစူးနစ်နစ် ပိုသတိရ မိတယ်” ဟု NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ် ဇင်မာအောင်က ဇူလိုင်လ ၆ ရက်နေ့ညပိုင်းတွင် လူမှုကွန်ရက်မှတဆင့်ပြောဆိုထားသည်။

၂၀၂၂ ခုနှစ် ဇူလိုင်၂၃ ရက်နေ့တွင် ကိုဂျင်မီ ကြိုးပေးခံ၇ကြောင်း စစ်ကောင်စီက ဇူလိုင်လ ၂၅ ရက်နေ့တွင် ကြေညာခဲ့ကြောင်းသိ၇သည်။

ဒေါ်အမာညွန့်တွင် ကိုမျိုးမင်းယု၊ ကိုကျော်မင်းယုနှင့် မသန္တာယုတို့ သားသမီး သုံးယောက်ထွန်းကားခဲ့ပြီး စာရေးဆရာ မျိုးကိုမျိုး (ခေါ်) ဦးမျိုးမင်းယုသည် ၂၀၂၁ သြဂုတ်လ ၁၇ ရက်နေ့တွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီးကိုကျော်မင်းယု(ခေါ်)ကိုဂျင်မီ စစ်ကောင်စီ၏  ကြိုးပေးကွပ်မျက်ခံခဲ့၇သည်။

ဓာတ်ပုံ - မသန္တာယု

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.