တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

မန္တလေး PDF က မတ္တရာမြို့နယ်အတွင်းရှိ စစ်တပ်စခန်း စုစုပေါင်း (၂၅)ခုကို အပြီးသတ် သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

နိရဉ္စရာ၊ ဇူလိုင် ၇/၂၀၂၄

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း စုစုပေါင်း (၂၅)ခုကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း ဇူလိုင်လ (၆)ရက်က သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် မတ္တရာမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။

ယခုအခါ မတ္တရာမြို့နယ်အတွင်းရှိ စခန်းသာ တပ်စခန်း ၊ ကျောက်မဏ္ဍပ် တပ်စခန်း ၊ စပါးကျည်တောင် တပ်စခန်း ၊ ကျောက်ကြမ်းတောင် တပ်စခန်း ၊ ငွေပုထိုး တပ်စခန်း ၊ ရှင်မတောင် တပ်စခန်း ၊ နဂါးပတ် တပ်စခန်း ၊ နွားခြံကုန်း တပ်စခန်း ၊ ဝန်တင်ကုန်း တပ်စခန်း ၊ လက်သန်းတောင် တပ်စခန်း ၊ ခြေတော်ရာ တပ်စခန်း ၊ ကိုရင်လေးတောင် တပ်စခန်း ၊ ကင်းရွာ တပ်စခန်း ၊ ဆည်တော်လမ်းခွဲရှိ တပ်စခန်း ၊ ရေနံ့သာ တိုးဂိတ် ၊ ရေနံ့သာ ရဲစခန်း နှင့် ပတ်လည်အင်း တပ်စခန်းတို့အပါအဝင် ရန်သူ့တပ်စခန်း စုစုပေါင်း (၂၅)ခုတို့ကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။


အဆိုပါ စစ်ဆင်ရေးများအတွင်း ရန်သူ့ထံမှ (၁၂၀)မမ စိန်ပြောင်း (၁)လက်အပါအဝင် လက်နက်ခဲယမ်း အများအပြားကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့နှင့် SSTF တပ်ဖွဲ့တို့မှလည်းပူးပေါင်း တိုက်ပွဲဝင်လျက်ရှိသည်။

ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပသစ(ပျူစောထီး)အဖွဲ့ဝင်များသည် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံ လက်နက်ချ အလင်းဝင်မှုများ ရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


(ဓာတ်ပုံ-  Voice of Mandalay-PDF)

ဆက်စပ် သတင်းများ