တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ရန်ကုန် လှိုင်မြစ်အတွင်း သမ္ဗာန်လှေနှင့် သင်္ဘောတိုက်မိပြီး ကျောင်းသားတချို့အပါအဝင် အပါအဝင် လူ ၈ ဦးပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 829

လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၁၀/ ၂၀၂၄

ရန်ကုန်၊ ကြည်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ဗားကရားဆိပ်ကမ်း အနီး လှိုင်မြစ်အတွင်း ဇူလိုင် ၁၀ ရက်နေ့က သမ္ဗာန်လှေနှင့်သင်္ဘော တိုက်မိပြီး ကျောင်းသားတချို့ အပါအဝင် လူ ၈ ဦးပျောက်ဆုံးနေကြောင်း လူမှုကယ်ဆယ်ရေးအသင်း တချို့ထံမှသိရသည်။

သမ္ဗာန်လှေပေါ်ပါရှိသူ (၁၇)ဦးအနက် (၉)ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

“ကြည့်မြင့်တိုင်တဖက်ကမ်းက ကျောင်းသားနှစ်ယောက် နဲ့လူအချို့လိုက်ပါလာတဲ့ စက်လှေက ရပ်ထားတဲ့ တွဲသင်္ဘောအားတိုင်မိပြီးမှောက်တာလို့သိရပါတယ်။ မီးသတ်နဲ့ ပရဟိတအသင်းအချို့က ကယ်ဆယ်ရေးလုပ်နေတယ်။  ဆယ်လို့ရတဲ့သူတချို့ကို ရန်ကုန်ဆေးရုံကြီးကိုပို့ထားတယ်။ ကျန်တဲ့သူတွေကိုဆက်ပြီးရှာနေတယ်” ဟု ဒေသခံတစ်ဦးမှပြောသည်။


နံနက်  ၈နာရီ ၁၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ရန်ကုန်မြစ် အတွင်း၊ ဗားကရားဆိပ်ကမ်းမှ ရေမိုင်(၅)ဖာလုံခန့်အကွာတွင် သမ္ဗာန်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြစ်အတွင်း သွားလာနေသည့် သမ္ဗာန် တစ်စီးသည် ရပ်ထားသည့် သင်္ဘောတစ်စီးကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း  ဒေသခံများထံမှသိရသည်။

သဗ္ဗန်လှေပေါ်တွင် လိုက်ပါလာသည့် လူ ၁၇ ဦးထဲတွင် ကျောင်းသားနှစ်ဦး၊ ခရီးသည်ခြောက်ဦး၊ သဗ္ဗန်မောင်းသူတစ်ဦး၊ စုစုပေါင်း ကိုးဦးကို ကယ်ဆယ်ထားနိုင်ကြောင်းသိရသည်။

အနောက်ပိုင်းခရိုင် မီးသတ်တပ်ဖွဲ့အပါအဝင် ကျောက်တံတား၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ် စသည့်မြို့နယ်များရှိ မီးသတ်တပ်ဖွဲ့များမှ လှေ ၅ စီးဖြင့် ရှာဖွေနေကြောင်းသိရသည်။

ဓာတ်ပုံ-ဝေဝေလှိုင်နှင့်မီးသတ်တပ်ဖွဲ့

 

ဆက်စပ် သတင်းများ