အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မြန်မာစစ်အစိုးရသည် နိုင်ငံအားဖျက်ဆီးရန် ကြိုးပမ်းနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သတိပေးပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 760

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၁၁/ ၂၀၂၄

နိုင်ငံအား ကောင်းစွာမထိန်းချုပ်နိုင်တော့သည့် စစ်အစိုးရသည် မြန်မာနိုင်ငံအား ဖျက်ဆီးရန် ကြိုးပမ်းနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဇူလိုင်(၁၁)ရက်က သတိပေး ပြောဆို လိုက်သည်။

"(မြန်မာ) စစ်အာဏာရှင်ဟာ ၄င်းရဲ့ တပ်ဖွဲ့တွေ ထိခိုက်ဆုံးရှုံးနေရတယ်။ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ပျက်ဆီးဆုံးရှုံးနေရတယ်။ လက်တွေ့ မြေပြင်အနေအထားမှာလည်း ဆုံးရှုံးနေရတယ်” ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူး က အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးအဖွဲ့သို့ အထက်ပါ အတိုင်းမြန်မာစစ်တပ်၏အခြေအနေကိုရှင်းလင်း ပြောဆိုခဲ့သည်။

"စစ်အစိုးရက အဲဒီအရာတွေကို မထိန်းချုပ်နိုင်တော့ ဘူးဆိုရင်တော့ ဒါဟာ နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးစားနေပုံရတယ်"ဟု ၄င်းကဆက်လက်ပြောဆိုသည်။

မြန်မာစစ်တပ်သည် ၄င်းတို့ ဆုံးရှုံးမှုများအတွက် လက်တုံ့ပြန်သည့် အနေဖြင့် အရပ်သားများကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာစစ်တပ်သည် လွန်ခဲ့သည့် ခြောက်လအတွင်း စာသင် ကျောင်းများ၊ ဆေးရုံများနှင့် ဘုန်းတော်ကြီးကျောင်းများကို တိုက်ခိုက်သည့် အရေအတွက် သည် သိသိသာသာ များပြား လာခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားပြီးနောက် ယခုရက်သတ္တပတ် အစောပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွားသည့် အဓိက ကုန်သွယ်ရေး လမ်းမကြီး ပေါ်ရှိ မြို့တစ်မြို့ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကမှ သိမ်းပိုက်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် လနှောင်းပိုင်းကတည်းက တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့သည် မြန်မာစစ်တပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှုစတင်ပြီးနောက် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားလျက်ရှိ နေသည်။

အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က မြန်မာစစ်တပ်အား ထိုးစစ်ဆင်မှုများ စတင်ပြီးနောက်တွင် ဇန်နဝါရီအတွင်းက ဘေဂျင်းက ကြားဝင်စေ့စပ်ပေးခဲ့ သည့် အပစ်အခတ်ရပ်စဲရေး သည်လည်း ပျက်ပြားသွားခဲ့ရသည်။

 

Source/Times of India

 

---

ဆက်စပ် သတင်းများ