လူထက်နိုင်( ဒွါယာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၁၂/ ၂၀၂၄
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ရခိုင်ဦးဆောင်ပါတီ ( AFP) အပါအဝင် စစ်ကောင်စီနှင့် ဆက်ဆံရေးအဆင်ပြေသည့် နိုင်ငံရေးပါတီ ၄ ပါတီကို တရုတ်နိုင်ငံ ခရီးစဥ်အတွက် ဖိတ်ကြားထားကြောင်းသတင်းရရှိသည်။
ဖိတ်ကြားထားသည့် ပါတီ ၄ ခုမှာ ဦးခင်ရီ ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီ(USDP)၊ ဦးကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီ(PP)၊ ဒေါက်တာအေးမောင်ဦးဆောင်သည့်ရခိုင်ဦးဆောင်ပါတီ (AFP) နှင့် စိုင်းအိုက်ပေါင်းဦးဆောင်သည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SEDP) တို့ ဖြစ်ကြသည်။
မြန်မာ့နိုင်ငံရေးလေ့လာသူ တရားလွတ်တော်ရှေ့နေတစ်ဦးက “တရုတ်က စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲမှာ
တရုတ်ကွန်မြူနစ်ပါတီ CPC နှင့် မြန်မာနိုင်ငံက နိုင်ငံရေးပါတီ များ အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် အတွက်ပါတီ ၄ ခုမှ ကိုယ်စားလှယ်အဖွဲ့များအား ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်နေ့အထိ တရုတ်နိုင်ငံ ခရီးစဥ် အဖြစ် ဖိတ်ကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံး၏ ဇူလိုင် ၈ ရက်ထုတ် ဖိတ်ကြားစာတွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဦးခင်ရီဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီမှ ရ ဦး၊ ဦးကိုကိုကြီး ၏ ပြည်သူ့ပါတီ၊ ဒေါက်တာအေးမောင် ၏ ရခိုင့်ဦးဆောင်ပါတီ နှင့် စိုင်းအိုက်ပေါင်း၏ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တို့မှ ၃ ဦးစီ ပါသည့် ကိုယ်စားလှယ် အဖွဲ့အား ဖိတ်ကြားလိုက်ခြင်းဖြစ်ကြောင်း
ခရီးစဥ်အတွင်း ယူနန် နှင့် ချင်ဟိုင်း ပြည်နယ် လေ့လာရေး၊ တရုတ် ကျေးလက် ဒေသဖွံ့ဖြိုးမှု နှင့် ခါးပတ်လမ်း စီမံကိန်း အကြောင်း တရုတ် ကျွမ်းကျင်သူများနှင့် မြန်မာ့နိုင်ငံရေးပါတီမှတာဝန်ရှိ
သွားရောက်မည့်ကိုယ်စားလှယ်အဖွဲ့ အတွက် နိုင်ငံတကာ လေယာဥ် လက်မှတ်ခ နှင့်တရုတ် နိုင်ငံတွင် ကုန်ကျ မည့် စရိတ်များအား တရုတ်နိုင်ငံဘက်မှ အကုန်အကျခံမည် ဖြစ်ကြောင်းသိ၇သည်။