နိရဉ္စရာ၊ ဇူလိုင် ၁၃/၂၀၂၄
ယခုနှစ်(၆) လတာကာလအတွင်း တိုက်ပွဲပေါင်း (၁၈၂၇) ပွဲခန့် ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၉၀၃) ဦးခန့် သေဆုံးကာ၊ (၁၂၇၅) ဦးခန့် ဒဏ်ရာ၇ခဲ့ကြောင်း KNU က ယနေ့တွင် သတင်း ထုတ်ပြန်သည်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးကော်သူးလေအုပ်ချုပ်နယ်မြေ များအတွင်း သို့ကျူးကျော် ဝင်ရောက် တပ်စွဲထားသော အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A)၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း(၁၈၂၇) ပွဲခန့် ဖြစ်ပွားခဲ့ပြီးအာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ (၁၉၀၃) ဦးခန့် အသက်သေဆုံးခဲ့၇ပြီး (၁၂၇၅) ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့၇သည်။
ထိုတိုက်ပွဲများအတွင်းကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ(၈၁) ဦးခန့်မှာ တိုင်းပြည်နှင့် လူမျိုး အတွက် အသက်ပေးလှူခဲ့၇ပြီး(၂၉၈) ဦးခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့၇ပါသည်ဟု KNU ၏သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။