ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကုလလူ့အခွင့်အရေးကောင်စီက ပြင်းထန်စွာ ရှုတ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 784

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၁၃/၂၀၂၄

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ချိုးဖောက်သူများအားလုံးကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်းသိရသည်။

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်းကိုကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အတည်ပြုခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) ၏ (၅၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းအမှတ် A/HRC/L.18/rev.1 ကို ဇူလိုင်လ (၁၀)ရက်တွင် မဲမခွဲဘဲ အတည်ပြုချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက်မူကြမ်းတွင် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ချိုးဖောက်သူများ အားလုံးကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။

ထို့အပြင်လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အပြည့်အဝကာကွယ်ပေးနိုင်ရန် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုနှင့် နိုင်ငံတကာဥပဒေချိုးဖောက်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် လည်းကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တောင်းဆို ထားသည်ကိုတွေ့ရသည်။

စစ်ကောင်စီကမူ မြန်မာနိုင်ငံအနေဖြင့် ဆုံးဖြတ်ချက်အဆိုအမှတ် A/HRC/L.18/rev.1 တစ်ခုလုံး အား ပြင်းထန်စွာ ကန့်ကွက်ပြီး၊ ယင်းဆုံးဖြတ်ချက်အဆိုအား အတည်ပြုချမှတ်ခဲ့ခြင်းအပေါ် ပါဝင် ပတ်သက်မှု မပြုကြောင်း စစ်ကောင်စီက ဇူလိုင် ၁၁ရက်က သတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ဆက်စပ် သတင်းများ