Preview

ဘင်္ဂလာဒေသခံတဦးနှင့် အာဆာတပ်ဖွဲ့ဝင် ၄ ဦးကို သေနတ် ၆လက်နှင့်အတူ ဖမ်းမိ

ဇူလိုင် ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :2678
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇူလိုင် ၁၄/၂၀၂၄

ဘင်္ဂလားဒေ့ရှ် ဒေသခံတစ်ဦးနှင့် အကြမ်းဖက် အာဆာတပ်ဖွဲ့ဝင်၄ ဦးကို သေနတ် ၆လက်၊ ကျည်ဆံ ၉ တောင့်နှင့်အတူ ဘင်္ဂလားဒေ့ရှ် အထူးမှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့(RAB) က ကြာသပတေးနေ့ နံနက် အစောကြီးအချိန်  ဖမ်းဆီးလိုက်ကြောင်း ဒေသအတွင်းက သတင်းဌာနတစ်ခုဖြစ်သည့်အိုးကီးယား နယူးစ်တွင် ဓာတ်ပုံများနှင့် တကွ ဖော်ပြသည်။

သောကြာနေ့  ညနေ ၄နာရီခွဲအချိန်က RAB တပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူ ဗိုလ်မှူးကြီး AHM Sajjad Hossain က ပြောကြားသွားခဲ့သည်။

“ကျွန်တော်တို့က အာဆာတပ်ဖွဲ့ဝင်တွေဟာအိုးကီးယားမြို့နယ်၊ Mosharkhola ဒုက္ခသည်စခန်း အမှတ် ၁၅  မှာ တည်မငြိမ်လုပ်ဖို့ သတင်းရတယ်။သတင်းအရ ကြာသပတေးနေ့ မနက်အစောကြီးမှာ စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့တယ်။ အဲဒီမှာ သူတို့ကိုလက်နက်တွေနဲ့ အတူ ဖမ်းမိပါတယ်”ဟု Sajjad Hossain ကပြောသည်။

၎င်းစစ်ဆင်ရေးအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး ဘင်္ဂလားဒေ့ရှ်လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိပြီး ရာမူး (ပန်းဝါ) စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့၇သည်ဟုဆိုသည်။

ဖမ်းဆီးရမိသူများအား အိုးကီးယားမြို့နယ် ရဲစခန်းတွင် တည်ဆဲဥပဒေနှင့်အညီ အမှုဖွင့်တရားစွဲဆိုထားသည်ဟု သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.