ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၁၇/၂၀၂၄
ရခိုင် နယ်စပ်မှထွက်ပြေးလာသည့်မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် များကို ဘင်္ဂလားဒေ့ရှ်က၄င်း၏ နိုင်ငံအတွင်းသို့ထပ်မံဝင်ရောက်ခွင့်မပြုတော့ဘဲ ချက်ခြင်းဆိုသလိုပြန်လည် နှင်ထုတ်ခဲ့ကြောင်း Times ofIndia က သတင်းဖော်ပြသည်။
ယခုနှစ်အတွင်းဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်(၈၅၀) ကျော်ကို ဘင်္ဂလားဒေ့ရှ်ကလက်ခံခဲ့ပြီး(၇၅၂)ဦးကို မြန်မာနိုင်ငံဆီ ပြန်လည်လွှဲပြောင်းပေးခဲ့ကာ ကျန်ရှိနေသည့် (၁၀၀)ဦး ခန့်ကိုလည်း နေရပ်ပြန်ပို့ရန်စီစဥ်နေ ကြောင်း၊ ထပ်မံဝင်ရောက်ဖို့ကြိုးစားလာသည့် မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုဘင်္ဂလားဒေ့ရှ်ကလက်ခံခြင်းမပြုတော့ဘဲ ချက်ခြင်း၊မြန်မာနိုင်ငံဘက်ဆီ ပြန်လည်နှင်ထုတ်ခဲ့ကြောင်းသိ၇သည်။
မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA)နှင့်မြန်မာစစ်တပ်တို့အကြားဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်မှ ထွက်ပြေးလာကြသည့်ဒါဇင်နှင့်ချီသော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များကို ဘင်္ဂလားဒေ့ရှ် က ၄င်း၏နိုင်ငံအတွင်းသို့ထပ်မံဝင်ရောက်လာခြင်းမရှိအောင် တားမြစ်ခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရ အရာရှိတစ်ဦးက ဇူလိုင်လ(၁၆) ရက်ကပြောကြားခဲ့သည်။
အာရက္ခတပ်တော်(AA)သည်မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်းကတိုက်ခိုက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ အပစ်အခတ်ရပ်စဲရေးသဘောတူချက်သည်လည်းအဆုံးသတ်သွားခဲ့သည်။
ထိုအချိန်မှစ၍မြန်မာစစ်တပ် နှင့်လုံခြုံရေးတပ်ဖွဲ့ဝင် ရာပေါင်းများစွာသည် အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ပြေးဝင်ခိုလှုံခဲ့ကြပြီး နေရပ်ပြန်မပို့မီအချိန်အထိပုံမှန်အားဖြင့် ရက်သတ္တပတ်များစွာ အဆိုပါနိုင်ငံများတွင်နေထိုင်ခဲ့ကြသည်။
သို့ရာတွင် ဇူလိုင်လ(၁၄)ရက်ကမြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) မှ အဖွဲ့ဝင် (၆၆) ဦးထက် မနည်းသည်နတ်မြစ်ကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်ရန်ကြိုးပမ်းစဉ် ချက်ခြင်းဆိုသလို ဘင်္ဂလားဒေ့ရှ်က ၄င်းတို့အား မြန်မာနိုင်ငံဖက်ဆီပြန်လည် နှင်လွှတ်ခဲ့သည်။
မြန်မာစစ်တပ်မှတပ်ဖွဲ့ဝင်များနှင့်နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင်များလိုက်ပါလာသည့်စက်လှေ များသည် တက်ကနကမြို့ရှိဆိပ်ခံတံတားအနီးသို့ ရောက်ရှိလာခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်က လက်မခံတော့ဘဲ ညပိုင်းတွင်မြန်မာနိုင်ငံဘက်သို့ ပြန်လည် နှင်လွှတ်ခြင်းခံရကြောင်း မြန်မာစက်လှေများကိုဓာတ်ပုံ ရိုက်ယူခဲ့သည့် တက္ကနတ်မြို့အခြေစိုက် သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။
"မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့(BGP)အဖွဲ့ဝင်တွေဟာစက်လှေနှစ်စင်းတက္ကနတ် ထဲ ဝင်ရောက် ဖို့ကြိုးစားခဲ့တာပါ။ ကမ်းခြေစောင့်တပ်က သူတို့ဝင်ရောက်လာမှုကို တားဆီးခဲ့ပါတယ်” ဟုတက်ကနက် မြို့ ၏ ကောင်စီဝင်မူဂျီဘာရာမန်ကပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်နှင့် မြန်မာစစ်အစိုးရတို့က အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီးတစုံတရာ မှတ်ချက်ပြုပြောကြားခြင်းမရှိပေ။
ယခုနှစ်အတွင်းဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် မြန်မာစစ်သား ၈၅၀ ကျော်ကိုလက်ခံခဲ့သည်ဟု အမည်မဖော်လိုသည့် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ အရာရှိတစ်ဦးကပြောကြားခဲ့သည်။
“သူတို့ထဲက ၇၅၂ ဦးကို မြန်မာနိုင်ငံကိုလွှဲပေးပြီးပါပြီ၊ ကျန်ရှိနေသေးတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ စစ်တပ်မှတပ်ဖွဲ့ဝင်၁၀၀ ခန့်ကိုလည်း နေရပ်ပြန်ပို့ဖို့စီစဥ်နေ ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
ယခုအခါ နယ်စပ်မှထွက်ပြေးလာသည့်မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့်စစ်တပ်မှတပ်ဖွဲ့ဝင် များကို ဘင်္ဂလားဒေ့ရှ်က ၄င်း၏နိုင်ငံအတွင်းသို့ ထပ်မံဝင်ရောက်ခွင့်မပြုတော့ဘဲ မြန်မာနိုင်ငံဘက်ဆီ ပြန်လည်နှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိ၇သည်။ Source/Times of India