Preview

မိုရေးရှိနယ်စပ်ကျေးရွာတစ်ရွာတွင် မြန်မာဒုက္ခသည် (၆၀)ဦးကို ရှာဖွေ တွေ့ရှိ

ဇူလိုင် ၁၇/ ၂၀၂၄ | ကြည့်ရှုသူ :1092
ပြည်တွင်း သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၁၇/၂၀၂၄

အိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ် ၊ မိုရေးမြို့ ရှိနယ်စပ် ကျေးရွာတစ်ရွာတွင် တရားမဝင် ဝင်ရောက် လာသည့် မြန်မာဒုက္ခသည် (၆၀) ဦးကို ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်နေစဥ်အတွင်း တွေ့ရှိခဲ့ကြောင်းIndia Today NE သတင်းဖော်ပြချက်အရသိ၇သည်။

မဏိပူရပြည်နယ်၊ မိုရေးမြို့ နယ်ခြား မှတ်တိုင်အမှတ်(၈၀)အနီး ဂိုဗာဂျန် ရွာတွင်ဇူလိုင်လ(၁၅)ရက်က ပြုလုပ်ခဲ့သည့် ပြည်နယ်ရဲတပ်ဖွဲ့၊ အာသံရိုင်ဖယ်တပ်နှင့် နယ်ခြားလုံခြုံရေးတပ်ဖွဲ့ (BSF) တို့မှ ဝန်ထမ်းများ ပူးပေါင်းပါဝင်သည့်စစ်ဆင်ရေးအတွင်း အဆိုပါမြန်မာဒုက္ခသည် (၆၀)ဦးကို ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ(၁၅)ရက်၊နံနက်အစောပိုင်း က ပူးပေါင်းအဖွဲ့သည် လူပေါင်း(၂၈၀) ကို စစ်ဆေးခဲ့ရာ (၆၀)ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ၄င်းတို့သည် မြန်မာ-အိန္ဒိယနယ်စပ်ကို ဖြတ်ကျော်ကာ ဝင်ရောက် လာသူများဖြစ်ကြောင်း၊ ၄င်းတို့သည် နယ်စပ်ရွာတစ်ရွာဖြစ်သည့် ဂိုဗာဂျန် ရွာတွင် တရားမဝင် နေထိုင်လျက်ရှိကြောင်းပူးပေါင်းစစ်ဆင်ရေးကို ဦးဆောင်ခဲ့ သူ Md Riyajuddin ကအတည်ပြုပြောဆိုခဲ့သည်။

အာသံရိုင်ဖယ်တပ်သည်ရှာဖွေ တွေ့ရှိခဲ့သည့် (မြန်မာ) ဒုက္ခသည်များထံမှ ဇီ၀ဗေဒဆိုင်ရာအချက်အလက်များကို စုဆောင်းရယူထားပြီးဖြစ်ကြောင်း သတင်းရင်းမြစ်များ၏ပြောကြားချက်အရသိ၇သည်။

သို့သော်လည်းယခုကဲ့သို့လုပ်ဆောင်ခဲ့သည့်ပူးပေါင်းစစ်ဆင်ရေး လုပ်ငန်းစဉ်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များပါဝင်ပတ်သက်မှုမရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဗဟိုအစိုးရနှင့် ပြည်နယ် အာဏာပိုင်များ အကြား ညှိနှိုင်းဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။

 Source and photo / India Today NE

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.