Preview

မန္တလေးတိုင်းအတွင်း စဉ့်ကူးမြို့သည် တော်လှန်ရေးအင်အားစုများ ပထမဆုံး သိမ်းပိုက်သည့် မြို့ဖြစ်လာ

ဇူလိုင် ၂၀/ ၂၀၂၄ | ကြည့်ရှုသူ :963
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇူလိုင် ၂၀/ ၂၀၂၄

မန္တလေးတိုင်းအတွင်း စဉ့်ကူးမြို့သည် တော်လှန်ရေးအင်အားစုများ ပထမဆုံး သိမ်းပိုက်သည့် မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ သတင်း ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့် စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်(၁ရ)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးနောက် စဉ့်ကူးမြို့နယ်သည် လက်ရှိတွင် စစ်ကောင်စီ ကင်းစင်သော မြို့နယ်တစ်ခု ဖြစ်လာပြီ ဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ့်ကူးစစ်ဆင်ရေးများတွင် သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်ရမိခဲ့သည်ဟု သိ၇သည်။


စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှ ထိုက်သင့်သော ပေးဆပ်မှုအချို့ရှိခဲ့ပြီး အသက်ပေးလှူသွားခဲ့သော ရဲဘော်များအား ဦးညွှတ် အလေးပြု မှတ်တမ်းတင်အပ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့သောကြောင့် မြို့နေဧရိယာများ ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိ၇သည်။

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.