တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

တရုတ်၏ တောင်းဆိုမှုကြောင့် ဇူလိုင်လ ၃၁ရက်ထိ ယာယီအပစ်ရပ်ထားမည်ဟု ကိုးကန့်တပ်ဖွဲ့ (MNDAA)က ကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 578

နိရဉ္စရာ၊ ဇူလိုင် ၂၀/ ၂၀၂၄

တရုတ်နိုင်ငံ၏ တောင်းဆိုမှုကြောင့် ဇူလိုင်လ ၃၁ရက်ထိ ယာယီ အပစ်ရပ်ထားမည် ဖြစ်ကြောင်းကိုးကန့်တပ်ဖွဲ့ (MNDAA)က ကြေညာသည်။

အဆိုပါထုတ်ပြန်ချက်တွင် MNDAA မှ တရုတ် အာဏာပိုင်၏ တောင်းဆိုချက်ကြောင့် ဇူလိုင် ၁၉ရက်မှ ဇူလိုင် ၃၁ရက်ထိ ၁၂ရက်ကြာ အပစ်ခတ်ရပ်စဲမည်ဟု ဖော်ပြထားသည်။

သို့သော် MNDAA ဘက်မှ စတင်ထိုးစစ်ဆင်ခြင်းများ ရပ်တန့်နှင့် လေကြောင်းရန် ကာကွယ်ရေး အစီအမံများကို ဆောင်ရွက်သွားကြမည်ဖြစ်ပြီး၊ အပစ်ရပ်ကာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်ခြင်း ခံရပါက ခုခံကာကွယ်သည့် တန်ပြန် တိုက်ခိုက်မှုများကို သင့်လျော်သလို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဆက်စပ် သတင်းများ