တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မြန်မာ့အရေးကို"troika" ပုံစံဖြင့်အောင်မြင်စွာဖြေရှင်းနိုင်ရန်၊ ကြိုးပမ်းမှုတစ်ခုအဖြစ် လာအို၊ အင်ဒိုနီးရှား၊ မလေးရှား ၊ (၃)နိုင်ငံတို့ တွေ့ဆုံဆွေးနွေးကြမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 533

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၂၄/၂၀၂၄

မြန်မာ့အရေးကို"Troika" ပုံစံဖြင့်အောင်မြင်စွာဖြေရှင်းနိုင်ရန်၊ ကြိုးပမ်းမှုတစ်ခုအဖြစ် လာအို၊ အင်ဒိုနီးရှား၊ မလေးရှား ၊ (၃)နိုင်ငံတို့ တွေ့ဆုံဆွေးနွေးကြမည်ဟု နီကေးအေးရှသတင်းကဖော်ပြသည်။

အဆိုပါ (၃)နိုင်ငံတို့သည်အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဥ်ကာလအတွင်း မြန်မာ့အရေးကို"Troika" ပုံစံဖြင့်အောင်မြင်စွာဖြေရှင်းနိုင်ရန် ကြိုးပမ်းမှုတစ်ခုအဖြစ်"(၃)နိုင်ငံ အလွတ်သဘောညှိနှိုင်းမှုအစည်းအ ဝေး" ကိုထည့်သွင်း ကျင်းပသွားမည်ဟုသိရသည်။

မြန်မာနိုင်ငံတွင်း မငြိမ်မသက်ဖြစ်ပွားနေမှုအခြေအနေ နှင့် တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှု အခြေအနေများတို့ကို ထည့်သွင်းဆွေးနွေးကြမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးနှင့်ဆက်စပ်အစည်းအ ဝေးများကိုလာအို၌ ကျင်းပမည်ဖြစ်သည်။

ယခုနှစ် အာဆီယံ ဥက္ကဋ္ဌ ဖြစ်သည့် လာအိုသည် ဇူလိုင်(၂၅)ရက်တွင် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကိုမြို့တော် ဗီယန် ကျန်းတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး တရုတ်၊ ဂျပန်နှင့် အမေရိကန် နိုင်ငံ ကဲ့သို့သော အာဆီယံ၏ အဓိက မိတ်ဖက်နိုင်ငံများ ပါဝင်သည့် ဆက်စပ် အစည်းအဝေးများကိုလည်း ဇူလိုင်(၂၇)ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။

ယခုကဲ့သို့အာဆီယံအစည်းအဝေးများကျင်းပချိန်တွင် အဖွဲ့ဝင် (၁၀) နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ၏ စည်းလုံးညီညွတ်မှုကိုခြိမ်းခြောက်နေသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေး မငြိမ်မသက်မှု များကြောင့် အာဆီယံ အတွက်အရေးကြီးသည့် အချိန်ကာလဖြစ်နေချိန်နှင့်တိုက်ဆိုင်နေ သည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး(AMM) နှင့် သုံးပွင့်ဆိုင်( Troika ) အစည်းအဝေး များ တွင် နိုင်ငံခြားရေးဝန်ကြီးများသည် အချက်ငါးချက် အာဆီယံဘုံသဘောတူညီမှု အချက် (၅)ချက်ကို အကောင်အထည်ဖော်ရန်နှင့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးအပ်ရေး မဟာဗျူဟာကို ဖော်ဆောင်ရာတွင် အာဆီယံ ၏ ဆက်လက် ကြိုးပမ်းအားထုတ်မှု နှင့် အရေးပါမှုတို့ ကို အလေးထားဆွေးနွေး သွားမည် ဖြစ်ကြောင်းအင်ဒိုနီးရှား နိုင်ငံ၏ ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဧပြီလတွင် အာဆီယံနှင့် မြန်မာစစ်အစိုးရတို့ သဘောတူညီခဲ့သောအာဆီယံဘုံ သဘောတူညီမှု ငါးချက် သည် လွန်ခဲ့သည့် သုံးနှစ်အတွင်း တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်။

မြန်မာပဋိပက္ခသည် အာဆီယံအတွက် အခက်ခဲဆုံးစိန်ခေါ်မှုတခုဖြစ်နေပြီး အာဆီယံ၏ ဘုံသဘောတူညီချက် (၅)ချက်ကို အကောင်အထည် ဖော်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှု မရှိကြောင်း ထိုစဥ်က အာဆီယံ၏အလှ ည့်ကျ တာ၀န်ယူခဲ့သည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဂျာကာတာတွင်ကျင်းပခဲ့သည့် (၄၃ )ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးပွဲတွင်၀န်ခံ ပြောကြားခဲ့သည်။

မြန်မာ့အရေးကို အာဆီယံ၏ ဥက္ကဋ္ဌတာဝန် အလှည့်ကျသည့် ၃ နိုင်ငံက ပူးတွဲ ကိုင်တွယ်မည် ဖြစ်ကြောင်း ၂၀၂၃ခုနှစ်က အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာဆူဒီ က ပြောကြားခဲ့သည်။

မြန်မာ့အရေးကို အလှည့်ကျ ဥက္ကဋ္ဌ (၃)နိုင်ငံ (ယခင်၊လက်ရှိ၊နောက်လာမည့်)တို့က အဓိက ကိုင်တွယ်ဆောင်ရွက် ရန် အာဆီယံခေါင်းဆောင်များက ၂၀၂၃ခုနှစ် စက်တင်ဘာ ၅ ရက်တွင် သဘောတူခဲ့ခြင်းဖြစ်သည်။

ယမန်နှစ်က အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် အင်ဒိုနီးရှား၊ ယခုနှစ်ဥက္ကဋ္ဌ လာအိုနှင့် လာမည့်နှစ် ဥက္ကဋ္ဌအဖြစ်တာ၀န်ယူမည့် မလေးရှားနိုင်ငံတို့ပါ၀င်သည့် (၃)တို့သည် တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည့်အာဆီယံဘုံ သဘောတူညီမှု ငါးချက် ကို မသွေဖီဘဲ “troika” ပုံစံဖြင့် အလွတ်သဘော သီးခြား ဆွေးနွေးကြ မည်ဖြစ်သည်။

မြန်မာနိုင်ငံကို လူသားချင်းထောက်ထား စာနာသည်အကူအညီတွေပေးရန်နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အတွက် မြန်မာစစ်ကောင်စီနှင့် စေ့စပ်ဆွေးနွေးရန်အာဆီယံ ထရိုက်ကာမော်ဒယ် (Troika Model) ကို ထိုင်းနိုင်ငံက အဆိုပြုခဲ့ပြီး၄င်းအဆိုပြုချက်ကို ယခုနှစ် အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် လာအိုနိုင်ငံထံ တင်သွင်းခဲ့ရာ လာအိုနိုင်ငံကလည်း ထောက်ခံ အတည်ပြုခဲ့သည်။ Source/Nikkei Asia

ဆက်စပ် သတင်းများ