Preview

မိုးကုတ်မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း TNLA သတင်းထုတ်ပြန်

ဇူလိုင် ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :1041
ပြည်တွင်း သတင်း

နိရဉ္စရာ၊ဇူလိုင် ၂၄/ ၂၀၂၄

မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးတို့ကို တအာင်းတပ်မတော် TNLA မှ ယနေ့ဇူလိုင်၂၄ ရက်  ညနေ (၅း၀၀) နာရီအချိန်တွင်ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း  သတင်းထုတ်ပြန်သည်။

ဇူလိုင် (၂၄)ရက်နေ့ ထုတ်ပြန်သည့် တအာင်းပြည် စစ်ရေးသတင်းထုတ်ပြန်ရာတွင် တအာင်းပြည် တပ်မဟာ (၂) နယ်မြေ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးတို့ကို တအာင်းတပ်မတော် TNLA မှ ယနေ့ ညနေ (၅း၀၀) နာရီအချိန်တွင်ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြသည်။


အလားတူ တပ်မဟာ(၃)နယ်မြေ မိုးမိတ်မြို့ ယနေ့ နေ့လည်(၁၂း၀၀)နာရီအချိန်တွင် စစ်ကောင်စီ လက်ကျန်တပ်စခန်းတစ်ခုဖြစ်သည့်မိုးမိတ်ဗျူဟာကုန်းကို တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့သည်။

ထို့ပြင် တပ်မဟာ(၂) နယ်မြေ နောင်ချိုမြို့နယ် သဲခေါ်ရွာတွင်စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဘန့်ဘွေးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှအုမ္မတီးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၉)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.