နိရဉ္စရာ၊ ဇူလိုင် ၂၈/၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်းအများအပြားကို အောင်မြင်စွာ သိမ်းပိုက်ပြီးနောက် နောက်ဆုံးကျန်ရှိနေသည့်လားရှိုးမြို့ဟိုပိတ် တိုးဂိတ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟုသတင်းရရှိသည်။
MNDAA ၏ ထုတ်ပြန်ချက်အထဲတွင် “ ဇူလိုင်လ ၂၆ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်တွင် MNDAAတပ်၏အမြောက်တပ်ရင်းများ ပူးပေါင်း၍လားရှိုးမြို့ ဟိုပိတ် တိုးဂိတ်၌ ကျန်ရှိနေသော မင်းအောင်လှိုင်၏အာဏာသိမ်း တပ်ဖွဲ့ဝင်များကို စတင်တိုက်ခိုက်ခဲ့ပြီး ညနေ ရး၃၀ အချိန်တွင် တိုးဂိတ်ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။ လက်ရှိတွင် ကျရှုံးနေသော ရန်သူ အကြွင်းအကျန်များကိုရှင်းထုတ်နေကြသည်”ဟု ထုတ်ပြန်ထားသည်။
MNDAAတပ်မတော်မှလားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက်နံနက် ၄ နာရီတွင် လုံး၀ သိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့ကိုလုံး၀ လွတ်မြောက်သွားပြီဖြစ်ကြောင်း MNDAA က ဇူလိုင် ၂၅ ရက်နေ့ သတင်းထုတ်ပြန်သည်။