လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၃၀ / ၂၀၂၄
မြန်မာနိုင်ငံသည် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်တစ်ခုလုံး ပြိုကွဲမည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်၍တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသောနည်း လမ်းမျိုးစုံဖြင့် ဖြေရှင်းသွားကြရန် "၀"ပြည်သွေး
၎င်းတိုက်တွန်းမှုသည် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာပြီးလားရှိုးမြို့ အား MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
၀ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ၏ ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင်လက်ရှိတွင် မြန်မာနိုင်ငံသည် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်တစ်ခုလုံး ပြိုကွဲမည့်အနေအထားသို့ ရောက်ရှိနေပြီဟုဆိုသည်။
၎င်းပြင် စီးပွားရေးကပ်ဆိုက်ခြင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ကုန်သွယ်မှုရပ်တန့်ခြင်းနှင့် လုပ်ငန်းများအသီးသီး ဆိုးရွားစွာထိခိုက်ပျက်စီးခြင်း
“စစ်ရေးပဋိပက္ခများဆက်လက်ဖြစ်ပွားနေပါက လူမှုရေးမျိုးနွယ်စုကြားအကွဲအပြဲ
ပဋိပက္ခဖြစ်ပွားနေသော အဖက်ဖက်အနေဖြင့် တစ်ဖက်တွင် ပြည်သူလူထုကို ကိုယ်စားပြု ကြေညာပြီး အခြားတစ်ဘက်တွင် ပြည်သူလူထုတို့ လိုလားတောင့်တသော ငြိမ်းချမ်းရေးကို လုံး၀မျက်ကွယ်ပြု၍မရကြောင်း၊ အဖက်ဖက်တို့အနေဖြင့် မိမိတို့၏ အကျိုးရှုထောင့် တစ်ခုပေါ်သာရပ်တည်ပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို လျစ်လျူရှုခြင်းပြုလုပ်၍မ၇ပါကြောင်း ဖော်ပြထားသည်။
"၀"ပြည်နယ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းအပါ
“၀“
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် MNDAA သိမ်းပိုက်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းရှိ UWSA ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် "၀" တပ်ဖွဲ့များသည် ဇူလိုင် လ ၂ရရက်နေ့က ဝင်ရောက်ခဲ့သည်။
ဇူလိုင်လ ၁၁ ရက်နေ့ကလည်း နစက တပ် ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်းရှိ တန့်ယန်းမြို့ကို စစ်မီး မကူးလာစေရန် ဒေသခံ များ၏ တောင်းဆိုချက်အ၇ဟုဆိုကာ နစက စစ်ကောင်စီတပ်နှင့် ညှိနှိုင်းကာ “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)က ဝင်ရောက်နေရာယူ ထိန်းချုပ်လိုက်ကြောင်းလည်းသိ
ထို့အပြင် ဇန်နဝါရီ ၅ ရက်နေ့ကလည်း ဟိုပန်မြို့ကို ကိုးကန့် MNDAA တပ်ဖွဲ့မှ သိမ်းယူခဲ့ပြေီးနာက် ဟိုပန်မြို့နှင့် ဟိုပန်မြို့နယ်ရှိ ပန်လုံမြို့တွင် “၀” တပ်ဖွဲ့က လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်နေရာယူထားခဲ့ပြီး ဇန်နဝါရီလ ၄ ရက်နေ့တွင် ဟိုပန်နှင့် ပန်လုံမြို့ကို စစ်ကောင်စီမှ UWSA “၀” တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။