ဂျွန်နသန်၊ ဇူလိုင် ၃၁/၂၀၂၄
ရက်အတန်ကြာ ပစ်ခတ်သံများ ရပ်တန့်သော မြန်မာနိုင်ငံ မောင်တောမြို့မှသေနတ်သံများကို ဇူလိုင်လ၂၇ ရက် စနေနေ့ နံနက်ဝန်းကျင်တွင် သေနတ်သံများ၊ လက်နက်ကြီးပေါက်ကွဲသံများ ပြန်လည်ထွက်ပေါ်လာခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် မီဒီများတွင် သတင်း ဖော်ပြကြသည်။
ထိုသို့ သေနတ်ပစ်ခတ်သံများနှင့် အတူ မြန်မာဘက်မှပစ်ခတ်လိုက်သည့်သေနတ်ကျည်ဆန်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက်ကနက်မြို့နယ်ရှိ လူနေ အိမ်များကိုထိမှန်ခဲ့သည့်အတွက် ဒေသခံများ အကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်လျက်ရှိကြောင်းProthom Alo သတင်းဖော်ပြသည်။
မြန်မာဘက်ခြမ်း၊ မောင်တောနယ်စပ်တွင်ပစ်ခတ်တိုက်ခိုက်မှုများသည် (၅)ရက်ကြာအောင် ငြိမ်သက်နေခဲ့ရာ ဇူလိုင်လ၂ရရက် အစောပိုင်းကတည်းက မော်တာပစ်ခတ်သံများ ကြားနေ၇ပြီး တနင်္ဂနွေနေ့ ဇူလိုင်လ ၂၈ရက် နံနက် ၈ နာရီအထိ ၂၈နာရီအတွင်း အနည်းဆုံး မော်တာကျည်(၁၈၈) လုံး ပေါက်ကွဲသံကို ကြားခဲ့၇သည်ဟု ဆိုသည်။
ပေါက်ကွဲသံများကိုဆက်လက် ကြားနေရပြီး မြန်မာဘက်မှ ပစ်ခတ်သည့် သေနတ်ကျည်ဆန်များကြောင့်ဒေသခံများအကြား ထိတ်လန့်တကြားဖြစ်နေကြ၇ သည်ဟု သတင်းတွင်ဖော်ပြသည်။
တက်ကနက်မြို့နယ် Shah Parir Diwip ၏Mistrypara ဧရိယာတွင် စနေနေ့ ဇူလိုင်၂ရရက် က မြန်မာဖက်မှ ပစ်ခတ်လိုက်သည့်သေနတ်ကျည်ဆန် လေးချက် ကျရောက်ခဲ့သည်။
သတင်းအရ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ကအခင်းဖြစ်နေရာသို့ ရောက်ရှိလာခဲ့ပြီး နောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကျည်ဆန်ခွံများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ယခုဖြစ်စဥ်ကြောင့် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု မရှိဟုဆိုသည်။
"နယ်နိမိတ်ချင်းထိစပ်နေတဲ့ နေရာအနီးမှာ နေထိုင်ကြရတဲ့ဒေသခံတွေဟာ ထိတ်လန့် တုန်လှုပ်မှုတွေနဲ့ အချိန်တွေကုန်ဆုံးနေရပါတယ်။ အဲဒီဖက်(မြန်မာ)အခြမ်းကိုနယ်စပ် ဒီဘက်ခြမ်းက နေ အားလုံးကို မြင်နေရပါ တယ်။ အဲဒီဖက်ကပေါက်ကွဲသံတွေကို ဒီဖက်ကနေ ကြားနေရပါတယ်။ ဒီနေ့ထိတိုင် ပေါက်ကွဲသံတွေ ကြောင့် ဒေသခံ ပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်နေကြ ရပါတယ်။ အခုဆိုရင် တစ်ဖက်(မြန်မာဖက်)က ပစ်လိုက်တဲ့ ကျည်ဆန်တွေဟာ ကြောက်စရာအသစ်တစ်ခု ထပ်တိုးလာနေပါတယ်”ဟုဆားပြင်တိုက်နယ်အဖွဲ့ဝင် Abdus Salam ကပြောဆိုသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB) Teknaf-2 တပ်ရင်းမှူးနှင့် တက္ကနတ် ကမ်းခြေစောင့်တပ်စခန်းတပ်မှူးများထံမှမှတ်ချက်ပေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်းProthom Alo အနေဖြင့် ဆက်သွယ်၍မ၇ခဲ့ဟုဆိုသည်။
နှစ်နိုင်ငံတာဝန်ရှိသူများသည်နယ်စပ်ဒေသ အခြေအနေနှင့် ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံရန်ယခင်ကတည်းက တွန့်ဆုတ်နေခဲ့ကြသည်။
သိုရာတွင် တက်ကနက်မြို့နယ် (UNO) အရာရှိ AdnanChowdhury က မြန်မာဘက်မှ ပစ်ခတ်လိုက်သည့်သေနတ်ကျည်ဆန်များသည် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ကျရောက်ခဲ့ကြောင်းကိုအတည်ပြုခဲ့သည်။
မြန်မာနိုင်ငံမှပစ်ခတ်လိုက်သော ကျည်ဆန်များသည် Shah Parir Diwip ၏ နေရာများစွာ တွင် ကျရောက်ခဲ့သည်ကို သိရှိ၇ပါကြောင်း၄င်းကပြောဆိုသည်။
တက်ကနက်မြို့ နယ်စပ်တလျှောက်ရှိ ကျေးရွာတိုင်းကိုအထူးစောင့်ကြည့်လျက်ရှိကြောင်း ၄င်းအပြင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်ပြီး ပြည်သူတွေကို သတိရှိကြဖို့၊နိုးနိုကြားကြားရှိကြဖို့ကိုတပ်လှန့်ထားပါကြောင်း ၄င်းကထပ်လောင်းပြောကြားခဲ့သည်။Source/Prothom Alo
ပုံစာ- ဘင်္ဂလားဒေ့ရှ်ဘက်သို့ ကျရောက်ခဲ့သည့် လက်နက်ကြီးကျည် (ပုံဟောင်းသာ/ Jogonews)