မောင်စာဂ၊ နိရဥ္စရာ၊ ဇူလိုင် ၃၁/၂၀၂၄
စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ပြည်သူများမျှော်လင့်နေသော နိုင်ငံရေးအပြောင်းအလဲကိုမပြုလုပ်ဘဲအရေးပေါ်သက်တမ်းကို နောက်ထပ် ၆ လ ထပ်မံ တိုးမြှင့်သတ်မှတ်လိုက်ခြင်းသည် နိုင်ငံ၏ စစ်ရေးအခြေအနေကို ပိုမို ရှုပ်ထွေးတင်းမာလာစေနိုင်
"ကျနော်တို့အမြင်ကတော့ မင်းအောင်လှိုင်က ခေါင်းမာမာနဲ့ သူလိုချင်တဲ့ သမ္မတအာဏာကို ဆက်ယူပြီးတော့ ဆက်လက်ပြီးတော့ သူတစ်ယောက်တည်း ခေါင်းဆောင်သွားမဲ့ အနေအထားပါပဲ။ ပြည်သူများ မျှော်လင့်နေကြတဲ့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သား အစိုးရတို့၊ ညွန့်ပေါင်းအစိုးရတို့ ဘာစိတ်ကူးမှမရှိပါဘူး။ သူကတော့ တော်လှန်ရေး အင်အားစု တွေကို ဆက်လက်ပြီးတော့ တိုက်ခိုက်သွားဖို့အတွက် သူကတော့ အခုကတော့ ထပ်ပြီးတော့ စစ်ရေးအရ တင်းမာတဲ့သဘောထားကို ဖော်ပြလိုက်တာပါပဲ။ သူ အကြမ်းဖက်မှုကို ဆက်ပြီးတော့ လုပ်ပါလိမ့်မယ်။ အဲဒါဆိုလို့ရှိရင် ဗမာပြည်ရဲ့စစ်ရေးအခြေအနေက ပိုပြီးတော့ ရှုပ်ထွေးတင်းမာလာစရာဖြစ်လာမယ်
ယနေ့ ဇူလိုင် ၃၁ ရက်၊ နံနက် ၁၀ နာရီတွင် နေပြည်တော်၌ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယာယီသမ္မတအဖြစ်တာဝန်ယူ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၂/
အဆိုပါသက်တမ်းတိုးလိုက်မှုအပေါ်မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က နိရဉ္စရာသတင်းဌာနသို့ထိုသို့မှတ်ချက်ချပြောဆိုသွားခြင်းဖြစ်သည်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို
အလားတူ နိုင်ငံရေးလေ့လာသုံးသပ်သူ မြေပုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း လတ်တလောတွင် မြန်မာ တစ်နိုင်ငံလုံး စစ်ရေးပဋိက္ခများပြင်းထန်နေချိ
"ရွေးကောက်ပွဲလုပ်ဖို့ဆိုတာ ဒီအချိန်မှာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သို့သော် ကိုယ့်ရုံးခန်းထဲမှာ မဲပုံးထောင်ပြီးတော့ ဟန်ပြလုပ်ပစ်ရင်တော့ မတတ်နိုင်ဘူး။ တကယ့် Free and Fair ဖြစ်မဲ့ ရွေးကောက်ပွဲမျိုးတော့ ဒီအခြေအနေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီအခြေအနေမှာ ထက်ဝက်တောင် ဖြစ်နိုင်မှာမဟုတ်ဘူး"ဟု ဆိုသည်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကို အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျန်းမာရေးအခြေအနေအရ ဆေးခွင့် ယူထားရသည့်ယာယီသမ္မတ ဦးမြင့်ဆွေနေရာတွင် သူ့ကိုယ်သူယာယီသမ္မတ အဖြစ် အစားထိုး တာဝန်ယူပြီး ကာ/လုံ အစည်းအဝေးကို ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
အစည်းအဝေးတွင် စစ်ကောင်စီအနေဖြင့် နိုင်ငံ့တာဝန်များအား စတင်ထမ်းဆောင်ချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များချမှတ်ရာ၌ လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးကို အန္တိမရည်မှန်းချက်အဖြစ် ချမှတ်ထားမှု အခြေအနေများ၊ ရွေးကောက်ပွဲအား အရေးပေါ်ကာလကြေညာပြီး (၂)နှစ်ပြည့် မြောက်သည့် အချိန်တွင်ကျင်းပရန် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း ဆူပူ အကြမ်းဖက်မှု များကြောင့် ဆောင်ရွက်နိုင်ခဲ့မှုမရှိသည့် အခြေအနေများ၊ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ရှိအောင်ဆော
ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆို
ယနေ့ပြုလုပ်ခဲ့သည့် ကာ/လုံအစည်းအဝေးသို့ စစ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်၊ မိမိကိုယ်ကို ယာယီသမ္မတတင်မြှောက်ထားသူလည်းဖြ
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် အရပ်သား အစိုးရလက်ထဲမှ တိုင်းပြည်အာဏာကို မတရားသိမ်းယူခဲ့ခြင်းဖြစ်သည်။ယင်းအချိန်မှ စ၍ ယခုနှစ်အထိ ၃ နှစ်တာကာလအတွင်း ပြည်တွင်းတွင် စစ်မီးများ အရှိန်အဟုန်ဖြင့် တောက်လောင်လျက်ရှိပြီး အပြစ်မဲ့ ပြည်သူများမှာလည်း စစ်ဘေးဒဏ်ကို ဆိုးဝါးစွာခံနေကြ၇သည်။