အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ(၂၁)၊ ခလရ (၃၄၈)နှင့် မိုးမိတ်ဗျူဟာကုန်းအား TNLA မှ သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 405

နိရဉ္စရာ၊ ဇူလိုင် ၃၁/၂၀၂၄

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၃၇)ရက်မြောက် တအာင်းပြည် တပ်မဟာ (၃) မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန် တပ်စခန်း စကခ(၂၁) ခလရ (၃၄၈) မိုးမိတ်ဗျူဟာကုန်းအား ယနေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် တအာင်းတပ်မတော် TNLA မှ ရှင်းလင်းသိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ တပ်စခန်းများကို ရှင်းလင်းသိမ်းပိုက်ခဲ့ပြီး၊ နောင်ချိုမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

အလားတူ တပ်မဟာ(၂)နယ်မြေ နောင်ချိုမြို့နယ် ရွှေမုဠောရွာသို့ ယနေ့ နေ့လည် (၁၂း၀၅) နာရီ အချိန်တွင် စစ်အင်ဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့ပြင် မိုးမိတ်မြို့နယ် ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့သော ဗျူဟာကုန်းနှင့် ဒိုးပင်ရွာတွင် စစ်ကောင်စီတပ် Y12 ဖြင့် ဗုံး (၅၉)လုံး လာရောက်ကြဲချခဲ့သည်။

ဆက်စပ် သတင်းများ