နိရဉ္စရာ၊ ဩဂုတ်၁ /၂၀၂၅
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကမတ္တရာမြို့နယ်အတွင်းရှိစခန်း (၃၅) ခုထိ သိမ်းပိုက်ထားပြီဖြစ်သည်ဟု ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ(၃၁) ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိငါးလုံးပြွန်ကျေးရွာ တပ်စခန်း ၊ တောင်ကန်ကျေးရွာ တပ်စခန်း ၊ အောင်သပြေကျေးရွာတပ်စခန်း ၊ အောင်သပြေကားကွင်း တပ်စခန်း ၊ မြို့ကုန်းရွာ တပ်စခန်း ၊ထန်းပင်ကုန်းရွာ တပ်စခန်း နှင့် ဘိုကုန်းရွာ တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိပြီးနောက် မတ္တရာ မြို့နယ်အတွင်း သိမ်းပိုက်ရရှိသောစစ်ကောင်စီတပ်စခန်း အရေအတွက်မှာ (၃၅)ခု ရှိခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထို့အပြင်မတ္တရာမြို့နယ်အတွင်းရှိ ကျောက်တံတားကျေးရွာနှင့် မြကန်သာ ကျေးရွာတို့တွင်လည်းတိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟု ဆိုသည်။