အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီ ရဟတ်ယာဉ်ပျက်ကျ၍ ဗိုလ်ချုပ်တစ်ဦးနှင့် ဗိုလ်မှူးကြီးတစ်ဦးတို့သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2k

နိရဉ္စရာ၊ ဩဂုတ် ၃/ ၂၀၂၄

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အတွင်း စစ်ကောင်စီ ရဟတ်ယာဉ်ပျက်ကျ၍ ဗိုလ်ချုပ်တစ်ဦးနှင့် ဗိုလ်မှုးကြီးတစ်ဦးတို့သေဆုံးသွားပြီး နောက်ထပ် ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ ၂ ဦးမှာ ဗိုလ်ချုပ် စိုးတင်လတ်နှင့် တွဲဖက်လေယာဉ်မှူး ဗိုလ်မှုးကြီးမြသောင်းတို့ ဖြစ်ကြပြီး  တခြား အမျိုးသမီးလေယာဉ်မှူးးနှင့် ကြီးကြပ်သူတဦးတို့ ဒဏ်ရာအပြင်းအထန် ရသွားသည်ဟု သိရသည်။ 

၎င်းရဟတ်ယာဉ်သည် ဩဂုတ် ၂ ရက်နေ့ မွန်းလွဲပိုင်းက မှော်ဘီလေတပ်လေ့ကျင့်ရေးကွင်းမှ  ပျံတက်ချိန်တွင် ရာသီဥတုဆိုးရွားတာကြောင့်ပျက်ကျ ခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက  ဗွီအိုအေကို အတည်ပြုပြောဆိုထားသည်။

ပျက်ကျခဲ့သည့်  ရဟတ်လေယာဉ်မှာ Eurocopter 365 အမျိုးအစား စစ်ဘက်စုံသုံး ရဟတ်ယာဉ် ဖြစ်ကြောင်း စစ်ကောင်င်စီ ပြည်တွင်း သတင်းများတွင်  ဖော်ပြကြသည်။။

သေဆုံးသူ ဗိုလ်ချုပ်စိုးတင်လတ်သည်  မကွေး လေတပ်စခန်းဌာနချုပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိ တာဝန် ထမ်းဆောင်နေသည့်  တောင်ပိုင်းတိုင်း၊ လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးအဖြစ် မကြာသေးခင်ကမှ ရာထူးတိုးခံထားရပြီးနောက် ယခုကဲ့သို့ ရဟတ်ယာဉ်ပျက်ကျသေဆုံးရခြင်းဖြစ်သည်ဟု သိရသည်။

(ဓာတ်ပုံ- ဘီဘီစီ-မြန်မာပိုင်း)



ဆက်စပ် သတင်းများ