တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြည့်အဝသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း MNDAA ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 923

လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ သြဂုတ် ၃ / ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို မဟာမိတ်တပ်များက ယနေ့ သြဂုတ် ၃ တွင် အပြည့်အဝ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း MNDAA မှ ဓာတ်ပုံနှင့် တကွ သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် “MNTJP၏ မှန်ကန်သောဦးဆောင်မှုဖြင့် ရှေ့တန်းတပ်သားများ အားလုံး၏ သွေးထွက်သံယို တိုက်ပွဲများနှင့်အတူ ၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၀ မိနစ်တွင် MNDAAတပ်သည် မင်းအောင်လှိုင်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်နေသော ရန်သူတပ်များကို ချေမှုန်းခဲ့ပြီး MNDAAတပ်သည် ၎င်းတို့၏ စစ်ဆင်ရေးတွင် ပြီးပြည့်စုံသော အောင်ပွဲ ရရှိခဲ့သည်” ဟု ဖော်ပြထားသည်။


စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်တစ်ခုကို တော်လှန်ရေးတပ်များက ပထမဆုံးအကြိမ် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်နယ်မြေထဲရှိ အကြမ်းဖက်စစ်သားများ အားလုံး ထွက်ပြေးသွားပြီဖြစ်ကာ MNDAA နှင့်  ပူးပေါင်းတပ်ဖွဲ့များ ခြေကုတ်ယူ နယ်မြေရှင်းလင်းနိုင်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ ကုတင် ၁၀၀ စစ်ဆေးရုံတပ်နှင့် MNDAA တို့အကြား တိုက်ပွဲတွင် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးတစ်ဦး အပါအဝင်  ဒဏ်ရာရ စစ်အရာရှိကြီးတချို့ပါ သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းများအရ သိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!