ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဇူလိုင်အတွင်း မူတြော်ခရိုင်တွင် တိုက်ပွဲ ၁၀၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၅၂ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရဟု KNU ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 330

နိရဉ္စရာ၊ ဩဂုတ် ၄/၂၀၂၄

၂၀၂၄ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့မှ (၃၁)ရက်အတွင်း ကော်သူးလေ အုပ်ချုပ်ရေးနယ်မြေ မူတြော်ခရိုင်တွင် တိုက်ပွဲပေါင်း (၁၀၁) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅၂ ဦး သေဆုံးပြီး ၁၂ ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုက ဩဂုတ် ၃ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာ သိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တို့ အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၅)နှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များဘက်မှ ထိခိုက်မှု တစုံတရာမျှမရှိဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီ၏ အဆောက်အဦး (၂)ခု ထိခိုက်ပျက်စီးပြီး မြင်း (၂)ကောင် သေဆုံးခဲ့သည်ဟုလည်း ဖော်ပြသည်။

ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဖက်မှ လေကြောင်းမှသာ ရိက္ခာများ ချပေးခြင်းတို့ လုပ်ဆောင်နိုင်တော့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် လက်နက်ကြီးများနှင့် လေကြောင်းတို့မှ ပြည်သူ လူထုများနေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ ပစ်မှတ်ထား တိုက်ခဲ့ခြင်းများကိုလည်း အကြိမ်ရေများစွာလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ