မောင်စာဂ၊နိရဥ္စရာ၊ သြဂုတ် ၄/၂၀၂၄
ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်
လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်သည်ဆိုသည့် တိုင်ကြားချက်ကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းခံထား၇သည့်ဆလိုင်းအိုက်ဇက်ခင်ကို ဩဂုတ်၁ ရက်၊ နံနက်ပိုင်းမှစပြီး ရာထူးမှထုတ်ပယ်လိုက်ကြောင်း ယမန်နေ့ သြဂုတ်လ ၃ ရက်တွင် NUG ကတရားဝင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
NUG ၏ထုတ်ပြန်ချက်တွင် "အမျိုးသားညီညွတ်ရေးအစိုး၇၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊အိန္ဒိယသမ္မတနိုင်ငံ ဆိုင်ရာကိုယ်စားလှယ်ရုံး၊ ကိုယ်စားလှယ်တစ်ဦးဖြစ်သူဆလိုင်းအိုက်ဇက်ခင်နှင့်ပက်သက် သည့်တိုင်ကြားစာကိစ္စနှင့်စပ်လျဉ်း၍ လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်ခြင်း၊ အမြတ်ထုတ် ခြင်းနှင့်မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ ဗဟိုကော်မတီ၏ သုံးသပ်ဆုံးဖြတ်ချက်များနှင့်အညီ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်အား၂၀၂၄ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ရာထူးမှ ထုတ်ပယ်လိုက်ပြီးဖြစ်ပါကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်"ဟု ဖော်ပြထားသည်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စား
ထိုတိုင်ကြားစာနှင့်ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာအကာအကွယ်ပေးရေးမူဝါဒ ဗဟိုကော်မတီ၏ သုံးသပ်ဆုံးဖြတ်ချက်များနှင့်
ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
စစ်ဆေးခဲ့သည့်ကော်မတီ၏ထုတ်ပြန်ချက်တွင်လည်း စာရွက်စာတမ်းသက်သေ၊ လူသက်သေနှင့် မျက်မြင်သက်သေများ၏ထွက်ဆိုချက်များအရ ကာယကံရှင် မလိုလားမနှစ်သက်စိတ်အနှောင့်အယှက်ကြီးစွာ ဖြစ်၇သည့်အပြုအမူများကို ကြိမ်ဖန်များစွာ ထပ်တလဲလဲလုပ်ခဲ့သည်ဆိုသည်မှာ ထင်ရှားသည့်အတွက်ဆလိုင်းအိုက်ဇက်ခင်သည်လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း အမှန်တကယ် ကျူးလွန်ခဲ့သည်ဟု သုံးသပ်ကြောင်းဖော်ပြထားသည်။
"မြန်မာ့တော်လှန်ရေးအစိုးရရုံး
ကာယကံရှင်အမျိုးသမီး၏တိုင်ကြား
နစ်နာသူအမျိုးသမီးအနေဖြင့်NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ဆုံး
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆလိုင်းအိုက်ဇက်ခင်က ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က မဇ္ဈိမသတင်းဌာနနှင့်အင်တာဗျူးတစ်ခုတွင် ဌာနတွင်းတွင် မိသားစုဝင်၊မိဘ မောင်နှမ ဆက်ဆံရေးသာရှိခဲ့ပြီး တိုင်တန်းသူ အမျိုးသမီးအပေါ်မှာ ဖခင်ကဲ့သို့ဂရုစိုက်မှုသာ ရှိခဲ့သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဆလိုင်းအိုက်ဇက်ခင်သည်Gender and Development Institute-Myanmar တည်ထောင်သူဖြစ်ပြီးNLD အစိုး၇လက်ထက်တွင် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးအဖြစ် ၂၀၁၆ မှ ၂၀၁၈ အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
၂၀၁၈ခုနှစ်၊ မေလ ၁၈ ရက်တွင် မိမိဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခဲ့သည်ဟုလည်း သိ၇သည်။
ဓာတ်ပုံ- လူမှုကွန်ရက်