ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မြန်မာနိုင်ငံက ထွက်ပြေးလာသည့်စက်လှေ တက်ကနက်အနီး မှောက်ပြီး သေဆုံးသူ အလောင်း ၉ ဆယ်ယူရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

(ဘင်္ဂလားဒေ့ရှ်)၊ သြဂုတ် ၇/၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့နယ်တွင် ကလေးငယ် သုံးဦး အပါအဝင် ရိုဟင်ဂျာ ကိုးဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု The Financial Express က သတင်းဖော်ပြသည်။

သတင်းများအရ ၂၂ ဦးထက် မနည်း ပျောက်ဆုံးနေကြောင်း ဆိုသည်။

၎င်းသူများသည် မြန်မာနိုင်ငံက ပင်လယ်ပြင်မှ တဆင့် ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ရာမှ လှေနစ်သေဆုံးသွားခဲ့ကြောင်း ပြည်သူ့ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရကြောင်း BDnews ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

သေဆုံးသူ ၉ ဦးတွင် ကလေးငယ် ၃ ဦး၊ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၂ ဦးတို့ပါဝင်သည်။ ၎င်းတို့၏ အလောင်းများကို အင်္ဂါနေ့ ဆယ်ယူရရှိခဲ့ပြီး ၂ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

၎င်း စက်လှေသည် လူပေါင်း ၃၁ ဦးအား တင်ဆောင်ကာ  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ပြေးရန် ကြိုးပမ်းစဉ် တိမ်းမှောက်ခဲ့ကြောင်း bdnews24.com သို့ ပြောကြားခဲ့သည်။

Adnan Chowdhury က အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလာ နယ်နိမိတ်အတွင်းသို့ စိမ့်ဝင်ရန်ကြိုးစားစဉ် ရိုဟင်ဂျာအမျိုးသားအချို့ကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ၎င်းတို့သည် လက်ရှိတွင် BGB ၏ အချုပ်ထဲတွင် ရှိနေသည်ဟု ဆိုသည်။

 

Sources: The Financial Express

 

ဆက်စပ် သတင်းများ