- Web Master
- ၀၈ စက်တင်ဘာ ၂၀၂၄
လူထက်နိုင်(ဒွါရာမြီ)၊
နိရဥ္စရာ၊ သြဂုတ် ၈ / ၂၀၂၄
မန္တလေးတိုင်း၊
ပုသိမ်ကြီးမြို့နယ်၊ ဖယောင်းတောင်ရွာကိုစစ်ကောင်စီက
လေကြောင်း တိုက်ခိုက်သာကြောင့် ဒေသခံ အရပ်သား
၇ ဦး သေဆုံးခဲ့ကြောင်း
ပြည်သူ့ကာကွယ်ရေး တပ်မတော်
(မန္တလေး) MDY-PDF က
သြဂုတ် ၈ တွင် သတင်းထုတ်ပြန်သည်။
ဩဂုတ်
၆ ရက်၊ ည ၁၂ နာရီတွင် လေကြောင်းက လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး
ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
“အကြမ်းဖက် စစ်ကောင်စီသည် ပုသိမ်ကြီးမြို့နယ် ၊
ဖယောင်းတောင်ရွာအား ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ(၆)ရက်နေ့၊ ည(၁၂)နာရီဝန်းကျင်တွင်
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူ(၇)ဦး သေဆုံးခဲ့ပြီး
ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။ အကြမ်းဖက်
စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ပြည်သူကို ပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ
ကျူးလွန်လျက်ရှိသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဩဂုတ် ၄ ရက်တုန်းကလည်း စဉ့်ကူး
ဓာတ်ပုံ - MDY-PDF